DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ် ဖားကန့် ရေကြီး
DVB
·
August 25, 2014
ကချင်ပြည်နယ် ဖားကန့် ရေကြီး
1 / 2
Donate to DVB

ကချင်ပြည်နယ် ဖားကန့်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ဥရုချောင်းရေလျှံမှုကြောင့် မြို့ပေါ်ရပ်ကွက်တွေ အားလုံးနီးပါး ရေလွှမ်းမိုးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

[caption id="attachment_63255" align="alignright" width="300"]ဖားကန့်မြို့ ရေကြီးနေစဉ် - သြဂုတ် ၂၄ ရက်နေ့မြင်ကွင်း (ဓာတ်ပုံ - Lachid Kachin) ဖားကန့်မြို့ ရေကြီးနေစဉ် - သြဂုတ် ၂၄ ရက်နေ့မြင်ကွင်း (ဓာတ်ပုံ - Lachid Kachin)[/caption]

ပြီးခဲ့တဲ့ ရက်ပိုင်းက မိုးဆက်တိုက်ရွာ သွန်းမှုကြောင့် မနေ့ကတည်းကစလို့ ငှက်ပျောတော၊ မြို့မ၊ အေးမြသာယာ၊ မရှီကထောင် စတဲ့ လူနေရပ် ကွက်တွေ မှာ နေအိမ်တွေထဲ  ရေ၀င်ပြီး မြို့ခံတွေ ရေဘေးဒုက္ခ ခံစားနေရတယ်လို့ ပါရမီလူမှု ကူညီရေးအသင်း တွဲဖက် အတွင်းရေးမှူး ဦးတင့်လွင်က ဒီဗွီဘီကို ပြောပါတယ်။

မြို့အထက်ပိုင်းနေရာ တချို့ကလွဲပြီး မြို့အောက်ပိုင်းဒေသတွေနဲ့ ဖားကန့်ချောင်းဘေးတလျှောက်မှာ နေထိုင်သူတွေ ရေဘေးဒဏ် အဆိုးဆုံး ခံစားနေရတာလို့ ဆိုပါတယ်။

ရေဘေးဒဏ်ခံနေရတဲ့ ရပ်ကွက်သူရပ်ကွက်သား အချင်းချင်း စက်လှေတွေနဲ့ ထမင်းထုပ်တွေ လိုက်လံဝေငနေပါတယ်။

ဒီကနေ့မှာတော့ တချို့ ရပ်ကွက်တွေမှာ ရေအနည်းငယ် ပြန်ကျသွားပေမယ့်   တချို့လမ်းတွေမှာ ရေကျော်နေတာကြောင့် ခရီးသွားလာရေး အခက်အခဲ ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဖားကန့်မြို့ဟာ ခုလိုအချိန် နှစ်စဉ် ပုံမှန် ရေဘေးနဲ့ ကြုံတွေ့နေရတဲ့မြို့ ဖြစ်ပါတယ်။

မိုးလေ၀သနဲ့ ဇလဗေဒဦးစီးဌာနကတော့ ကချင်ပြည်နယ် မချမ်းဘော၊ ပူတာအို၊ မြစ်ကြီးနားနဲ့ ဗန်းမော်မြို့မှာ မိုးရေချိန် ၂ လက်မကနေ ၃ လက်မအထိ  မိုးဆက်တိုက် ရွာသွန်းခဲ့ပြီး မြစ်ရေအခြေအနေကတော့ စိုးရိမ်ရေမှတ် ထိရောက်မယ့် အခြအနေ မရှိသေးဘူးလို့ ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013