DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းနှင့် ရုရှား အကျဉ်းသား ၂၀၀ ကျော်စီ လဲလှယ်
DVB
·
January 4, 2024
ယူကရိန်းနှင့် ရုရှား အကျဉ်းသား ၂၀၀ ကျော်စီ လဲလှယ်
Donate to DVB

ယူကရိန်းနဲ့ ရုရှားတို့ဟာ နှစ်နိုင်ငံအကြား ၅ လနီးပါးကြာ ပထမဆုံး အကျဉ်းသားလဲလှယ်မှုအနေနဲ့ တဖက်ကို အကျဉ်းသား ၂၀၀ ကျော်စီ လဲလှယ်ခဲ့ကြောင်း ဇန်နဝါရီ ၃ ရက်က ကြေညာပါတယ်။

ယူကရိန်းက စစ်ဘက်ဝန်ထမ်း ၂၄၈ ဦးကို လွှဲပြောင်းပေးခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားပါတယ်။

ကိယက်ဗ်ကလည်း တပ်ဖွဲ့ဝင် ၂၂၄ ဦးနဲ့ အရပ်သား ၆ ဦး ပါဝင်တဲ့ လူပေါင်း ၂၃၀ ကို အိမ်ပြန်ပို့ပေးထားကြောင်းနဲ့ အခုချိန်ထိ မှတ်တမ်းပြုထားသမျှ တပ်ဖွဲ့ဝင်လဲလှယ်မှု အများဆုံးဖြစ်ကြောင်း သိရပါတယ်။

အကျဉ်းသားလဲလှယ်ရေးကို အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က တိုက်ရိုက် ပါဝင်စီစဉ်ခဲ့ကြောင်း ယူကရိန်း စစ်ဘက်ထောက်လှမ်းရေး အကြီးအကဲ ကိုင်ရီလို ဘူဒါနော့က ပြောပါတယ်။

ဒီဖလှယ်မှုမှာ ယူအေအီးရဲ့ အခန်းကဏ္ဍကို ယူကရိန်းရဲ့ POW ညှိနှိုင်းရေးစင်တာကလည်း အသိအမှတ်ပြုခဲ့ပြီး အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။

မော်စကိုကလည်း အကျဉ်းသားဖလှယ်ရေးမှာ ယူအေအီးက ရှုပ်ထွေးတဲ့ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ပြီး ကြားဝင်ဖျန်ဖြေ ဆောင်ရွက်ခဲ့ကြောင်း ပြောဆိုပါတယ်။

၂၂ လကြာ စစ်ပွဲကို ဘယ်လိုအဆုံးသတ်မလဲဆိုတဲ့ တွေ့ဆုံဆွေးနွေးမှု မရှိပေမဲ့ ကိယက်ဗ်နဲ့ မော်စကိုတို့ဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားကျူးကျော်မှု အစပိုင်းကတည်းက အကျဉ်းသားလဲလှယ်မှု ခပ်များများ ပြုလုပ်ခဲ့တာပါ။

ဒါပေမဲ့ ပြီးခဲ့တဲ့ ဩဂုတ်လက နောက်ဆုံးတခေါက် လဲလှယ်ခဲ့တာဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာတော့ လဲလှယ်နှုန်း ကျဆင်းသွားခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013