DVB Logo
Home
မြန်မာသတင်း
ကျောက်တော်မြို့နယ် အလယ်ကျွန်းရွာကို စစ်တပ်က ဗုံးကြဲ၊ ဒေသခံ ၁၀၀၀ ခန့် ထွက်ပြေး
DVB
·
January 4, 2024
ကျောက်တော်မြို့နယ် အလယ်ကျွန်းရွာကို စစ်တပ်က ဗုံးကြဲ၊ ဒေသခံ ၁၀၀၀ ခန့် ထွက်ပြေး
Donate to DVB

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းကျေးရွာကို ဇန်နဝါရီ ၃ ရက် မွန်းလွဲပိုင်းမှာ စစ်တပ်က တိုက်လေယာဥ်နဲ့ ဗုံးကြဲခဲ့လို့ ဒေသခံ ၁၀၀၀ လောက် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်လောက်မှာ တိုက်လေယာဥ် တစင်းနဲ့ ဗုံး ၂ လုံးကြဲချခဲ့လို့ ဒေသခံ အမျိုးသမီး တယောက် ပွဲချင်းပြီး သေဆုံးကာ ၁၂ ယောက် ဒဏ်ရာ ရခဲ့တယ်လို့ အလယ်ကျွန်းကျေးရွာဒေသခံတဦးက ပြောပါတယ်။

“အလယ်ကျွန်းရွာသားတွေကတော့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အားလုံး ကြောက်စိတ်တွေ လွှမ်းမိုး နေကြတယ်။ ရွာမှာရှိတဲ့ ပြည်သူ ၃ ပုံ ၂ ပုံ လောက်က ထွက်ပြေးသွာပြီ။ ရွာထဲမှာ ၃ ပုံ ၁ ပုံ လောက်ပဲ ကျန်တော့တယ်”

အလယ်ကျွန်းကျေးရွာမှာ အိမ်ခြေ ၄၂၀ လူဦးရေ ၁၅၀၀ လောက်ရှိတဲ့အနက် ဒေသခံ ၁၀၀၀ လောက်ဟာ နီးစပ်ရာ ဆွေမျိုးတွေရှိတဲ့ ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

ရွာထဲမှာ ကျန်နေခဲ့တဲ့ ဒေသခံ ၅၀၀ လောက်ဟာလည်း ရွာအစောင့်သဘောမျိုး ကျန်နေခဲ့တာ ဖြစ်ပြီး ပုန်းခိုကျင်းတွေထဲမှာ လုံလုံခြုံခြံနဲ့ နေထိုင်ကြဖို့ အစီစဥ်လုပ်ထားတယ်လို့ ပြောပါတယ်။

ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့တဲ့ သူတွေထဲက ၂ ယောက်ကတော့ အပြင်းထန် ဒဏ်ရာရခဲ့တာကြောင့် နီးစပ်ရာ ဆေးရုံကို ပို့ဆောင်ကာ အရေးပေါ်ဆေးဝါးကုသမှုခံယူနေကြပြီး ကျန်တဲ့ သူတွေကတော့ သာမာန်ဒဏ်ရာသာ ရရှိခဲ့ပြီး စိုးရိမ်စရာမရှိဘူးလို့ ဆိုပါတယ်။

ကျောက်တော်မြို့နယ်မှာ ဇန်နဝါရီ ၁ ရက်နေ့ မွန်းလွဲပိုင်းမှာလည်း စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့လို့ ကလေးငယ် ၁ ယောက်အပါဝင် ၂ ယောက်သေဆုံးကာ ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013