DVB Logo
Home
နိုင်ငံတကာ
ရုရှားက ဒုံးကျည် ၃၀၀၊ ဒရုန်း ၂၀၀ ကျော်ဖြင့် ယူကရိန်းကို တိုက်ခိုက်
DVB
·
January 3, 2024
ရုရှားက ဒုံးကျည် ၃၀၀၊ ဒရုန်း ၂၀၀ ကျော်ဖြင့် ယူကရိန်းကို တိုက်ခိုက်
Donate to DVB

ရုရှားဟာ ပြီးခဲ့တဲ့ ၃ ရက်အတွင်း ဒုံးကျည် ၃၀၀ နီးပါးနဲ့ ဒရုန်းအစင်း ၂၀၀ ကျော်တို့ကို အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့  ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဇန်နဝါရီ ၂ ရက်မှာ ပြောပါတယ်။

ဒီနေ့အစကတည်းက အမျိုးအစားစုံ ဒုံးကျည်အစင်း ၁၀၀ နီးပါးရှိခဲ့ပြီး အခုနောက်ဆုံး တိုက်ခိုက်မှုတွေဟာ အပျက်အစီး အများဆုံးဖြစ်စေဖို့ ရည်ရွယ်ထားတာဖြစ်တယ်လို့ သမ္မတ ဇလန်းစကီးက သူ့ရဲ့ ညစဉ် ဗီဒီယိုမိန့်ခွန်းမှာ ပြောပါတယ်။

ဘယ်နိုင်ငံမှာမှ ဒီလောက်ထိ မောင်းသူမဲ့လေယာဉ်တွေနဲ့ ဒုံးကျည်တွေ ပါဝင်တိုက်ခိုက်မှုတွေ မကြုံရသေးဘူးလို့လည်း ဆိုပါတယ်။

ဒီနေ့ တနေ့တည်းကို ကင်းန်ဇားလ်ဒုံးကျည် ၁၀ စင်းကို ပစ်ချခဲ့ရတယ်လို့လည်း ဇလန်းစကီးက ပြောပါတယ်။

ရုရှားဟာ စစ်ပွဲရဲ့ အကြီးဆုံး လေကြောင်းတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်က ဒုံးကျည်နဲ့ မောင်းသူမဲ့လေယာဉ်တွေကို အရှိန်မြှင့် တိုက်ခိုက်ခဲ့ရာမှာ အနည်းဆုံး လူ ၃၉ ဦး သေဆုံးခဲ့ပါတယ်။

ရုရှားဟာ အကြီးစားတိုက်ခိုက်မှုတွေကို လုပ်ဆောင်ဖို့အတွက် ဒုံးကျည်တွေ၊ လက်နက်တွေကို သိုလှောင်ထားပုံရကြောင်း ကိယက်ဗ်က ရက်သတ္တပတ်ချီ သတိပေး ပြောကြားနေတာပါ။

ရုရှားနိုင်ငံဟာ ယူကရိန်းအရှေ့ပိုင်းနဲ့ တောင်ပိုင်းတို့မှာ နယ်မြေအများအပြားကို သိမ်းပိုက်ထားပြီး လာမယ့်လ မော်စကိုရဲ့ အကြီးစားကျူးကျော်မှု ဒုတိယနှစ်မြောက် နီးကပ်လာချိန်မှာ စစ်ပွဲအဆုံးသတ်မယ့်ပုံ မပေါ်သေးပါဘူး။

၂၀၂၃ နှစ်လယ်ပိုင်းမှာ စတင်ခဲ့တဲ့ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ကို ရုရှားက ရှုံးနိမ့်မှုအဖြစ် သရုပ်ဖော်ထားပြီး လတ်တလောလပိုင်းအတွင်း ရှေ့တန်းတွေမှာ အပြောင်းအလဲ အနည်းငယ် လုပ်ထားပါတယ်။

Source/Photo-REUTERS/Valentyn Ogirenko

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013