Home
သတင်းဓာတ်ပုံ
လွမ်းခြင်းအားဖြင့် ၁၀ နှစ်တာ ထူးအိမ်သင် ဂီတပွဲတော် ပရိသတ် ရုံပြည့်ရုံလျှံ အားပေး
DVB
·
August 24, 2014
10639630_760073294031173_4707662699011167648_n
10616590_760073534031149_513306437268364939_n
10610752_760073774031125_1926803805984334133_n
10609727_760073244031178_8044931508837854006_n
10568817_760073507364485_7580719671868587843_n
10540819_760073660697803_7000403966505565006_n
10402005_760073560697813_7632521655877477968_n
10385290_760073790697790_8776353925108918479_n
10269430_760073100697859_7341863656264018358_n
10247356_760073190697850_6130911091380503785_n
လွမ်းခြင်းအားဖြင့် ၁၀ နှစ်တာ ထူးအိမ်သင် ဂီတပွဲတော်ကို သြဂုတ်၂၃ရက်ညက ရန်ကုန်မြို့ Myanmar Event Park မှာ ကျင်းပပြုလုပ်သွားပါတယ်။ ဂီတပွဲကို ညနေ ၆နာရီလောက်မှာ Iron Cross ၀ိုင်းရဲ့ တီးခတ်မှု စတင်ဖွင့်လှစ်ပြီး The Trees, Dream Century, The Aces, Emperor, ROS, Big Bag, Idiots ဂီတ၀ိုင်းတွေနဲ့ အဆိုတော် ၃၀ ကျော်က ထူးအိမ်သင် အမှတ်တရသီချင်းများကို သီဆိုဖျော်ဖြေသွားသလို ပရိသတ်တွေ ရုံပြည့်ရုံလျှံ လာရောက်အားပေးခဲ့ကြပါတယ်။ ပွဲပြီးဆုံးခါနီးမှာ အကြင်နာအိပ်မက်နဲ့ ချစ်တိုင်းလည်းမညား သီချင်းနှစ်ပုဒ်ကို ထူးအိမ်သင် သီဆိုနေတဲ့ ရုပ်သံဖိုင်ကို ဖွင့်လှစ်ပြသခဲ့ချိန်မှာတော့ သမီးငယ်ဖြစ်သူ မိကွန်ထောမှာ ငိုကြွေးခဲ့တာကို တွေ့မြင်ရပါတယ်။ ထူးအိမ်သင် ဂီတပွဲတော် စတင်စီစဉ်ချိန်က အဆိုတော်တချို့အပေါ် ဝေဖန်မှု ရှိခဲ့သလို ပွဲပြီးသွားချိန်မှာလည်း သီဆိုတင်ဆက်မှုတချို့အပေါ် ပရိသတ် ဝေဖန်မှုတွေ ရှိခဲ့ပေမယ့် ဂီတပွဲတော်ကိုတော့ အောင်မြင်စွာ ကျင်းပသွားနိုင်ခဲ့ပါတယ်။ သီချင်းပုဒ်ရေ (၂၀၀)ကျော် ရေးသားသီစပ်ခဲ့ပြီး တကိုယ်တော် တေးစီးရီး (၁၄)ခွေနဲ့ ဂီတလောကမှာ ကိုယ်ပိုင်ဟန်ရပ်တည်လာခဲ့တဲ့ တေးရေးတေးဆို ထူးအိမ်သင် ကွယ်လွန်ပြီး ၁၀နှစ်အကြာမှာ ဂီတပွဲတော်ကို ကျင်းပသွားတာ ဖြစ်ပါတယ်။ သတင်းဓာတ်ပုံ - ကောင်းထက်ကျော် [gallery ids="63222,63223,63224,63225,63226,63227,63228,63229,63230,63231"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024