DVB Logo
Home
နိုင်ငံတကာ
ရွှေ့ပြောင်းနေထိုင်သူ ၃၅၀ ကျော် အမေရိကန် အီလွီနွိုက်ပြည်နယ်ကို လေယာဉ်ဖြင့်ရောက်လာ
DVB
·
January 3, 2024
ရွှေ့ပြောင်းနေထိုင်သူ ၃၅၀ ကျော် အမေရိကန် အီလွီနွိုက်ပြည်နယ်ကို လေယာဉ်ဖြင့်ရောက်လာ
Donate to DVB

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်ကနေ လေယာဉ်နဲ့ ပျံသန်းလာတဲ့ ရွှေ့ပြောင်းနေထိုင်သူ အယောက် ရာချီဟာ အီလွီနွိုက်ပြည်နယ် ရော့ခ်ဖို့ဒ်မြို့ဆီ ဇန်နဝါရီ ၁ ရက်က ရောက်လာပါတယ်။

ဘိုးရင်း ၇၇၇ လေယာဉ်တစီးဟာ ရွှေ့ပြောင်းနေထိုင်သူ ၃၅၅ ယောက်ကို တင်လာပြီး ချီကာဂို ရော့ခ်ဖို့ဒ် နိုင်ငံတကာလေဆိပ်ဆီ မနက်တနာရီမှာ ရောက်လာတယ်လို့ ဒေသခံ မီဒီယာတွေက ထုတ်လွှင့်ပါတယ်။

နယ်စပ်မြို့တွေမှာ တင်းမာမှု ပြေလျော့စေရေးနဲ့ ဒီမိုကရက်ပါတီဝင်တွေကို ဖိအားပေးရေးအတွက် နိုင်ငံမြောက်ဖျားက ဒီမိုကရက်တွေ ထိန်းချုပ်ထားတဲ့ မြို့တွေဆီ ရွှေ့ပြောင်းနေထိုင်သူ အယောက်ထောင်ချီ စေလွှတ်ဖို့ လှုပ်ရှားမှုကို တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရဒ် အဘ်ဘော့က ဦးဆောင်ခဲ့ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

တနင်္လာနေ့ လေကြောင်းခရီးစဉ်ဟာ ကြိုတင် အသိမပေးဘဲ ရွှေ့ပြောင်းနေထိုင်သူတွေကို လာပို့တဲ့ ဘတ်စ်ကားကုမ္ပဏီတွေကို ဒဏ်ငွေ ရိုက်ခဲ့တဲ့ ချီကာဂိုမြို့ အစိုးရရဲ့ ဥပဒေကို တုံ့ပြန်တဲ့အနေနဲ့ လုပ်ဆောင်တာ ဖြစ်ပုံရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ 

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013