DVB Logo
Home
နိုင်ငံတကာ
ငလျင်ဒဏ်သင့် ဂျပန်တွင် ကယ်ဆယ်ရေးဆောင်ရွက်နေ
DVB
·
January 2, 2024
ငလျင်ဒဏ်သင့် ဂျပန်တွင် ကယ်ဆယ်ရေးဆောင်ရွက်နေ
Donate to DVB

ဇန်နဝါရီ ၁ ရက် နှစ်သစ်ကူးနေ့က ဂျပန်နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၆ ရှိတဲ့ ငလျင်ကြီးကြောင့် ထိခိုက်တဲ့ဒေသတွေမှာ လမ်းတွေပျက်နေပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ဂျပန်ဝန်ကြီးချုပ်က ပြောပါတယ်။

လေကြောင်းကနေ စစ်ဆေးခဲ့တာမှာ လမ်းတွေပိတ်ဆို့တာ၊ မြေပြိုတာနဲ့ မီးလောင်ကျွမ်းတာ အပါအဝင် မြေငလျင်ကြောင့် ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးခဲ့တယ်လို့ ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက သတင်းထောက်တွေကို ဇန်နဝါရီ ၂ ရက်မှာ ပြောပါတယ်။

နိုင်ငံတဝန်းက ထောင်ချီတဲ့ တပ်ဖွဲ့ဝင်တွေ၊ မီးသတ်သမားတွေနဲ့ ရဲအရာရှိတွေကို အိရှိခါ့ဝါ့ စီရင်စုရဲ့ ဝေးလံခေါင်သီတဲ့ နိုတိုကျွန်းဆွယ်က ငလျင်ဒဏ် အဆိုးရွားဆုံး အထိခိုက်ဆုံး ဒေသဆီ စေလွှတ်ထားတယ်လို့ ကီရှီဒါက ပြောပါတယ်။

ဂျပန်နိုင်ငံအလယ်ပိုင်း အီရှိကာဝါခရိုင်မှာ ဇန်နဝါရီ ၁ ရက်က အင်အားပြင်းငလျင် လှုပ်ခတ်ပြီးတဲ့နောက် အိမ်တွေ ပြားပြားဝပ် ပျက်စီးသွားပုံကို မျက်မြင်သက်သေတွေ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေထဲမှာ ပြသခဲ့ပါတယ်။

ငလျင်ကြောင့် ဂျပန်အနောက်ဘက်ကမ်းရိုးတန်းက နေရာတချို့မှာ ဒေသခံတွေ ဘေးလွတ်ရာဆီ ရွှေ့ပြောင်းဖို့ သတိပေးခဲ့ရပါတယ်။

ထောင်ချီတဲ့အိမ်တွေ လျှပ်စစ်မီး ပြတ်တောက်ခဲ့ပြီး ငလျင်ဒဏ်သင့် ဒေသတွေဆီ လေယာဉ်နဲ့ မီးရထားဝန်ဆောင်မှုတွေလည်း ပြတ်တောက်ခဲ့ပါတယ်။

အင်အားပြင်းငလျင်ကြောင့် ဂျပန်နိုင်ငံအလယ်ပိုင်း အီရှိကာဝါခရိုင် ဝါဂျိမာ့မြို့မှာ အဆောက်အဦနဲ့ အိမ်ခြေ ၁၀၀ ကျော် မီးလောင်ကျွမ်းခဲ့တယ်လို့ NHK သတင်းဌာနက ဖော်ပြပါတယ်။

မီးလောင်မှုအများစုကို ငြှိမ်းသတ်နိုင်ခဲ့ပေမဲ့ ဇန်နဝါရီ ၂ ရက်မှာ နေရာအများအပြားကနေ မီးတောက်တွေနဲ့ မီးခိုးဖြူတွေ တက်လာတာကို တွေ့ရပါတယ်။

ငလျင်ကြောင့် ပြိုကျခဲ့တဲ့ ခုနစ်ထပ် အဆောက်အဦအောက်မှာ ပိတ်မိနေတယ်လို့ ယူဆရတဲ့ ဒေသခံတွေကို မီးသတ်သမားတွေက ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပါတယ်။

ငလျင်ရေလှိုင်းတွေတက်လာလို့ အီရှီကာဝါ၊ နိအိဂဂါနဲ့ တိုယမခရိုင်တွေအတွက် ဆူနာမီ သတိပေးချက်တွေ ထုတ်ပြန်ခဲ့ရပြီး နောက်ပိုင်းမှာ သတိပေးချက်ကို ပြန်ရုပ်သိမ်းခဲ့ရပါတယ်။

ခါနဇာဝါမြို့က မြေအောက်ရထားဘူတာရုံလည်း ရေလွှမ်းခဲ့ပါတယ်။ ဂျပန်နိုင်ငံအလယ်ပိုင်း နာဂါနိုမြို့မှာ ငလျင်ကြောင့် ကုန်စုံစတိုးဆိုင်အတွင်း စင်တွေနဲ့ ပစ္စည်းတွေ ယမ်းခါနေတာကို ဂျပန် ရုပ်သံ သတင်းတွေမှာ မြင်တွေ့ရပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013