DVB Logo
Home
နိုင်ငံတကာ
ကွန်ဂိုသမ္မတ ရှီဆက်ကေဒီ ဒုတိယသက်တမ်းအတွက် ထပ်မံရွေးကောက်ခံရ
DVB
·
January 1, 2024
ကွန်ဂိုသမ္မတ ရှီဆက်ကေဒီ ဒုတိယသက်တမ်းအတွက် ထပ်မံရွေးကောက်ခံရ
Donate to DVB

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ ဖီးလစ် ရှီဆက်ကေဒီဟာ သမ္မတရွေးကောက်ပွဲမှာ မဲအရေအတွက် ၇၃ ရာခိုင်နှုန်းကျော်ရခဲ့ပြီး သမ္မတအဖြစ် ဒုတိယသက်တမ်းအတွက် ပြန်အရွေးခံခဲ့ရတယ်လို့ ကွန်ဂိုနိုင်ငံ ရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာ ၃၁ ရက်မှာ ကြေညာခဲ့ပါတယ်။

ကွန်ဂိုအမျိုးသားရွေးကောက်ပွဲကော်မရှင် (CENI) ရဲ့ အကြီးအကဲ ဒန်းနစ် ခါဒီမာက တရားဝင်မဲပေါင်း ၁၈ သန်းကျော်အနက် မဲ ၁၃ သန်းကျော် ရခဲ့လို့ ရှီဆက်ကေဒီ ရွေးကောက်ပွဲမှာ အနိုင်ရတယ်လို့ ကြေညာခဲ့ပါတယ်။

အငြင်းပွားနေတဲ့ ရွေးကောက်ပွဲမှာ မဲပေးသူဦးရေဟာ မဲပေးခွင့်ရှိသူ စုစုပေါင်းရဲ့ ၄၃ ရာခိုင်နှုန်းကျော် ရှိတယ်လို့ ခါဒီမာက ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်က သူအနိုင်ရကြောင်း ကြေညာပြီးတဲ့နောက် ရှီဆက်ကေဒီက သူ့နိုင်ငံကို ဘယ်သောအခါမှ သစ္စာမဖောက်ဘူးလို့ ပြောဆို ကတိပြုခဲ့ပါတယ်။

ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ဆုတ်ယုတ်မှုတွေ၊ ရွေးကောက်ပွဲရက်ကို ကျော်လွန်ပြီး မဲရေတွက်တာတွေကြောင့် ကွန်ဂိုနိုင်ငံ ပိုမတည်မငြိမ်ဖြစ်အောင် ခြိမ်းခြောက်တဲ့ အငြင်းပွားမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

ကွန်ဂိုနိုင်ငံဟာ အနောက်ဥရောပတိုက်လောက် အရွယ်အစားရှိပြီး ကမ္ဘာ့ထိပ်တန်း ကိုဘော့နဲ့ တခြားတန်ဖိုးကြီး စက်မှုကုန်စည်ထုတ်လုပ်သူ နိုင်ငံပါ။

ရွေးကောက်ပွဲကျင်းပတဲ့ နေ့ကတည်းက ရေနံအမှုဆောင်ဟောင်း မာတင် ဖာယူလူ အပါအဝင် ရှီဆေကေဒီရဲ့ အဓိကစိန်ခေါ်သူတချို့ဟာ သမ္မတရွေးကောက်ပွဲနဲ့ ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲတွေ ပြန်ကျင်းပဖို့ တောင်းဆိုခဲ့တာပါ။

လွတ်လပ်သော အမျိုးသားရွေးကောက်ပွဲကော်မရှင် (CENI) က သမ္မတအတွက် အသာစီးရစေမယ့် မဲတွေကို ပေးခွင့်ပြုခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

တနင်္ဂနွေနေ့ အစောပိုင်းက အတိုက်အခံ သမ္မတလောင်း ကိုးဦးနဲ့ နိုင်ငံရေးပါတီခေါင်းဆောင် ခြောက်ဦးတို့က ယာယီ မဲရလဒ်တွေကို ထုတ်ပြန်ပြီးတဲ့နောက် လမ်းမပေါ်ထွက် ဆန္ဒပြဖို့ ထောက်ခံသူတွေကို တောင်းဆိုခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013