DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတခု မီးရှို့ခံရ၊ နေအိမ် ၂၄ လုံးဆုံးရှုံးပြီး ၁ ဦးသေဆုံး 
DVB
·
January 1, 2024
ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတခု မီးရှို့ခံရ၊ နေအိမ် ၂၄ လုံးဆုံးရှုံးပြီး ၁ ဦးသေဆုံး 
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒီဇင်ဘာ ၃၁ ရက် မနက်က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတခု မီးရှို့ခံရတာကြောင့် အမျိုးသမီး ၁ ယောက်သေဆုံးကာ၊ ၃ ယောက် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂၄ လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Block (ဘီလော့) ရိုဟင်ဂျာဒုက္ခသည်စခန်း၊ Camp (၁၁) ဟာ ဒီဇင်ဘာ ၃၁ ရက် မနက် ၂ နာရီ ၁၀ မိနစ်မှာ မီးရှို့ခံခဲ့ရပြီး နေအိမ် ၂၄ အိမ် မီးလောင်ကျွမ်းခဲ့ကာ မီးကို ထိန်းသိမ်းနိုင်ဖို့အတွက် နေအိမ် ၂၉ အိမ် ဖြိုဖျက်ခဲ့ရတယ်လို့ ကူတူပါလောင်ဒုက္ခသည်စခန်းက လူအခွင့်ရေး တက်ကြွလှုပ်ရှားသူတယောက်ဖြစ်တဲ့ ဆွေယောဒုလ်ကရိမ်က ဒီဗွီဘီကို ပြောပါတယ်။

ဟာမီတူဆုမ်းရဲ့ နေအိမ်ကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မနက် ၃ နာရီကျော်မှာ ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ ဘယ်အဖွဲ့စည်းက လာရှို့သွားတယ်ဆိုတာကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။

အဲဒီမီးလောင်မှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့သူတွေကတော့ အရေးပေါ်ဆေးဝါးကုသမှု ခံယူနေတယ်လို့ ဆိုပါတယ်။

“ယခင်ကလည်း ဒီလိုမျိုး မီးခဏခဏ အရှို့ခံရတာတွေရှိတယ်ဗျ။ ဘဂ်လားဒေ့ရှ် အာဏာင်ပိုင်တွေဘက်ကတော့ လက်ရှိအချိန်ထိ ဘာမှ လုပ်မပေးနိုင်သေးဘူး” လို့  ဆွေယောဒုလ်ကရိမ်က ပြောပါတယ်။

မီးဘေးသင့်ပြည်သူတွေအတွက်တော့ NGO အဖွဲ့တွေက ထောက်ပံ့တာတွေရှိပေမယ့် လုံလောက်မှုမရှိဘဲ ဆောင်းရာသီကာလဖြစ်တာကြောင့် စောင်တွေ၊ အနွေးထည်တွေနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ် အကူအညီ လိုအပ်နေတယ်လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအနေနဲ့ ရိက္ခာငွေ လျှော့ချခံလိုက်ရတာကြောင့် စားဝတ်နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရကာ လူကုန်ကူးသူတွေလည်း ပိုမိုများပြားလာနေတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013