DVB Logo
Home
နိုင်ငံတကာ
ဟစ်ဇ်ဘိုလာစခန်းများကို အစ္စရေးတိုက်ခိုက်
DVB
·
December 31, 2023
ဟစ်ဇ်ဘိုလာစခန်းများကို အစ္စရေးတိုက်ခိုက်
Donate to DVB

အစ္စရေးဟာ လက်ဘနွန်နယ်စပ်အနီးရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့တွေရဲ့ စခန်းပစ်မှတ်တွေကို ဆက်တိုက် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တယ်လို့  စစ်တပ်ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၂၉ ရက်မှာ ပြောပါတယ်။

မြောက်ပိုင်းနယ်စပ်အနီး ဟစ်ဇ်ဘိုလာ တပ်ချထားတဲ့နေရာကို အပြင်းအထန် တိုက်ခိုက်မှုတွေ ဆက်လုပ်နေတယ်လို့ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ဒယ်နီယယ် ဟာဂါရီက ရုပ်မြင်သံကြားမှ ထုတ်ပြန်ချက်တခုမှာ ပြောပါတယ်။

မကြာသေးခင်က လေကြောင်း၊ တင့်ကားနဲ့ အမြောက်တွေနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပစ်မှတ်တွေထဲမှာ လက်နက်ပစ်လွှတ်စင်တွေ၊ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေနဲ့ စစ်သွေးကြွတပ်ဖွဲ့တွေ ပါဝင်နေကြောင်း ဟာဂါရီက ပြောပါတယ်။

ဟစ်ဇ်ဘိုလာအဖွဲ့ဟာ ဟားမတ်စ်က အစ္စရေးကို အောက်တိုဘာ ၇ ရက်က တိုက်ခိုက်ခဲ့ပြီးကတည်းက နယ်စပ်မှာ အစ္စရေးနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားနေခဲ့သလို အရှေ့အလယ်ပိုင်းရှိ တခြား အီရန်မဟာမိတ်အဖွဲ့တွေကို ပဋိပက္ခ ပိုကြီးထွားအောင် မီးထိုးပေးခဲ့တာ ဖြစ်ပါတယ်။

အစ္စရေးကတော့ မြောက်ဘက်မှာ ရှေ့တန်းမျက်နှာစာဖွင့်ဖို့ ကြိုးပမ်းနေတာမရှိဘူးလို့ ပြောထားတာပါ။

ဟစ်ဇ်ဘိုလာက စစ်ပွဲစတင်လာရင်တော့ ဘေရွတ်ကို “ဂါဇာ” လို ဖြစ်သွားအောင် တိုက်ခိုက်မယ်လို့  အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက သတိပေးထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013