DVB Logo
Home
မြန်မာသတင်း
အလယ်တန်းပညာရေး အခမဲ့မသင်မနေရစနစ် ပြဋ္ဌာန်းရင် ကလေးလုပ်သား ပပျောက်မည်
DVB
·
August 23, 2014
အလယ်တန်းပညာရေး အခမဲ့မသင်မနေရစနစ် ပြဋ္ဌာန်းရင် ကလေးလုပ်သား ပပျောက်မည်
1 / 2
Donate to DVB

မြန်မာနိုင်ငံမှာ အလယ်တန်းပညာရေး အခမဲ့ မသင်မနေရစနစ်ကို အမြဲတမ်းဆောင်ရွက်မှသာ ခလေးအလုပ်သမားတွေနဲ့ ဆင်းရဲမွဲတေမှုကြောင့် ကျောင်းမတတ်နိုင်သူတွေ ပပျောက်သွားမယ် လို့ မြန်မာ့ပညာရေးအသိုင်းအဝိုင်းက သုံးသပ်ပြောဆိုလိုက်ပါတယ်။

Child Labour (worker)မြန်မာနိုင်ငံမှာ မူလတန်းပညာရေးအခမဲ့မသင်မနေရစနစ်ကို ပြဋ္ဌာန်းလိုက်ပြီး ၂၀၁၄ ခုနှစ်မှာ အလယ်တန်းပညာရေးကိုပါ အခမဲ့စနစ်လုပ်ဆောင်ခဲ့ပေမယ့် စာမသင်မနေရစနစ်ကို ၉ နှစ်တာ ကာလလုံး ကျင့်သုံးနိုင်မှသာ ကလေးတယောက်အတွက် စာတတ်မြောက်မှုနဲ့ ကလေး အလုပ်သမားအဖြစ် ခိုင်းစေခံရမှု လွတ်ကင်းနိုင်မှာ ဖြစ်တယ်လို့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲ ရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (အန်အန်အီးအာ) အဖွဲ့ဝင် ဒေါ်သူသူမာ က ပြောပါတယ်။

“အစိုးရက ထုတ်ပြန်တဲ့ ပညာရေးဥပဒေမှာ မူလတန်း မသင်မနေရ အခမဲ့ပညာရေးကို အကောင်အထည် ဖော်ပြီးတော့ အဆင့်ဆင့်တိုးချဲ့သွားမယ်လို့ ပါတယ်။ ဒါပေမယ့် အခမဲ့ မသင်မနေရ ပညာရေးက အနည်းဆုံး အလယ်တန်းပြီးဆုံးတဲ့ အသက် ၉ နှစ်အထိ နိုင်ငံတော်က တာဝန်ယူသင့်တယ်။ ဒါမှ ကလေးစစ်သားတွေ၊ ကလေးအလုပ်သမားတွေနဲ့ ဆင်းရဲမွဲတေမှုကြောင့် ကျောင်းမတက်နိုင်တဲ့ ကိစ္စရပ်တွေကိုပါ အများကြီး ကူညီပေးသွား နိုင်တယ်။”

အလယ်တန်းပညာရေး အခမဲ့မသင်မနေရစနစ်ကို ရေရှည်လုပ်ဆောင်ဖို့ လိုအပ်ပြီး ဆင်းရဲမွဲတေ မှုကြောင့် ကျောင်းမတတ်နိုင်သူဦးရေ တိုးမြှင့်လာမှုကိုလည်း အစိုးရတာဝန်ရှိသူတွေအနေနဲ့ ဖြေရှင်းဆောင်ရွက်ဖို့ လိုတယ်လို့ လွတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်း က သုံးသပ်ထား ပါတယ်။

“လူတယောက်ရဲ့ အခြေခံလူ့အခွင့်အရေးဖြစ်တဲ့ ပညာရေးကို ဖြည့်ဆည်းပေးရမှာက နိုင်ငံတော်ရဲ့ တာဝန်။ လူတယောက်ဟာ ဒီနိုင်ငံမှာ မွေးလာပြီဆိုတာနဲ့ တပြိုင်နက် သူသည် အခမဲ့ မသင်မနေရ မူလတန်းပညာရေး၊ အခု ဥပဒေအရဆိုင်ရင် မူလတန်းပညာရေး ပေါ့။ ကျမတို့ တောင်းနေတာက အလယ်တန်းပညာရေးပေါ့။ အဲဒီ အလယ်တန်းပညာရေး အဆင့်အထိကို သူရအောင် သူ့ကို နိုင်ငံတော်က လုပ်ပေးရမယ်။ ဒါနိုင်ငံတော်ရဲ့ တာဝန်ပဲ။ အဲဒါကို မလုပ်ပေးနိုင်ဘူးဆိုရင် အဲဒီအစိုးရက အစိုးရမလုပ်နဲ့။ တခြားနိုင်ငံက အစိုးရတွေ လုပ်ပေးနိုင်ရင် ဘာလို့ ဒီနိုင်ငံအစိုးရ မလုပ်နိုင်ရမှာလဲ။”

မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှုကြောင့် ကလေးစစ်သားနဲ့ ကလေးအလုပ်သမားအဖြစ် ခိုင်းစေခံရမှု တိုးမြှင့်လာနေပါတယ်။ ဒီလိုအခြေအနေတွေက လွန်မြောက်ဖို့အတွက် အနာဂတ် ပညာရေးစနစ်ကို အဆင့်မြှင့်တင်ဖို့ လိုအပ်တယ်လို့လည်း ပညာရှင်တွေက ထောက်ပြကြပါ တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013