DVB Logo
Home
မြန်မာသတင်း
မဟာချိုင်တွင် မူးယစ်ဆေးရောင်းသည့် မြန်မာအမျိုးသမီး ၁ ဦးကို ထိုင်းရဲဖမ်းဆီး
DVB
·
December 30, 2023
မဟာချိုင်တွင် မူးယစ်ဆေးရောင်းသည့် မြန်မာအမျိုးသမီး ၁ ဦးကို ထိုင်းရဲဖမ်းဆီး
Donate to DVB

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်မြို့မှာ ဆယ်ကျော်သက် မြန်မာအမျိုးသမီးတယောက်ကို မူးယစ်စိတ်ကြွဆေးပြား ၁၀,၀၀၀ ကျော်နဲ့အတူ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ မတ်တီချွန်းထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဒီဇင်ဘာ ၂၆ ရက်နေ့ နေ့လယ်ပိုင်းက စမွတ်စခွန်ရဲမှူးကြီး ဖိချဖွန်  ဦးဆောင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စုံစမ်းစစ်ဆေးရေးအရာရှိတွေဟာ မဟာချိုင်ဈေးမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေတဲ့ သတင်းကြောင့် ဈေးအတွင်း ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ပါတယ်။

ဈေးအတွင်းက တိုက်ခန်းတခုရဲ့ ၄ လွှာ၊ အခန်း ၄၁၈ မှာ နေထိုင်တဲ့ အသက် ၁၉ နှစ်  အရွယ် မြန်မာအမျိုးသမီးတယောက်ကို အဖတ်တမင်း မူးယစ်စိတ်ကြွဆေးပြား အလုံး ၁၀,၄၀၀ နဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။။

မြန်မာအမျိုးသမီးဟာ မဟာချိုင်ဈေးထဲမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား နေတယ်လို့ ဝန်ခံခဲ့ပြီး သူ့မှာ တရားဝင် အထောက်အထား စာရွက်စာတမ်းမရှိဘူးလို့ စမွတ်စခွန် ရဲမှူးကြီးက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့မြန်မာအမျိုးသမီးကို မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ တရားမဝင် နေထိုင်မှုတို့အတွက် စမွတ်စခွန်ရဲစခန်းမှာ ဆက်လက်စစ်ဆေးနေတယ်လို့ သတင်းမှာ  ဖော်ပြထားပါတယ်။

ဒီဇင်ဘာ ၂၅ ရက်နေ့ကလည်း ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်၊ ဆန်ခလဘူရီမှာ မြန်မာနိုင်ငံသား အမျိုးသမီးတယောက်ကို စိတ်ကြွမူးယစ်ဆေးဝါး အလုံး ၁၇၀,၀၀၀ နဲ့အတူ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။

 Source/ Photo - Matichon

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013