DVB Logo
Home
Lead Story
မူးယစ်ဆေးဝါးဖမ်းဆီးရန် ပြည်သူပါဝင်တဲ့ စီမံချက်တခု ရေးဆွဲနေပြီ (မူးယစ်တပ်ဖွဲ့မှူး ရဲမှူးချုပ်ကျော်ဝင်း)
DVB
·
August 23, 2014
မူးယစ်ဆေးဝါးဖမ်းဆီးရန် ပြည်သူပါဝင်တဲ့ စီမံချက်တခု ရေးဆွဲနေပြီ (မူးယစ်တပ်ဖွဲ့မှူး ရဲမှူးချုပ်ကျော်ဝင်း)
Donate to DVB

[caption id="attachment_59211" align="alignright" width="300"]ဖမ်းဆီးရရှိမိတဲ့ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးနေစဉ် ဖမ်းဆီးရရှိမိတဲ့ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးနေစဉ်[/caption]မူးယစ်ဆေးဝါး ဖမ်းဆီးရရှိဖို့အတွက် ပြည်သူပါဝင်တဲ့ စီမံချက်တခု ရေးဆွဲနေပြီလို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့က တပ်ဖွဲ့မှူး ရဲမှူးချုပ်ကျော်ဝင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း နေပြည်တော်မှာ ပြုလုပ်သွားတဲ့ အစိုးရအဖွဲ့ရဲ့ ၄ လပတ် အစည်းအဝေးမှာ သမ္မတဦးသိန်းစိန်က မူးယစ်ဆေးဝါး အထူးသဖြင့် ဆေးပြားတွေဟာ ကျောင်းတွေနားနဲ့ ကွမ်းယာဆိုင်တွေမှာ အလွယ်တကူ ၀ယ်လို့ရနေပြီး လူငယ်တွေပါသုံးနေကြလို့ မိဘတွေလည်း စိုးရိမ်ပူပန်နေရပြီ။ ဒါကြောင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းကို ထိထိရောက်ရောက်လုပ်ကြဖို့ တိုက်တွန်း ပြောကြားခဲ့တာနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာမှာ ရဲမှူးချုပ်က ခုလို ပြောဆို လိုက်တာဖြစ်ပါတယ်။

တနိုင်ငံလုံးမှာ မူးယစ်တိုက်ဖျက်ရေးအဖွဲ့ ၅၀ နဲ့ ဖွဲ့စည်းလုပ်ဆောင်နေပြီး တနိုင်ငံလုံးရှိတဲ့ မြို့နယ်အချိုးနဲ့ တွက်ကြည့်ရင်တော့ တပ်ဖွဲ့အင်အား မလုံလောက်ပေမယ့် လုပ်တော့ လုပ်နေတယ်။ ပြီးခဲ့တဲ့ လေးလအတွင်း မန္တလေးနဲ့ ဟုမ္မလင်းဘက်မှာ ရတနာပုံနဲ့ ချင်းတွင်း စီမံချက်တွေနဲ့ တိုက်ဖျက်အရေး ယူလုပ်ဆောင်ခဲ့တာ အောင်မြင်တယ်လို့လည်း ရဲမှူးချုပ်က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013