DVB Logo
Home
မြန်မာသတင်း
မရမ်းကုန်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံးရှေ့  ဗုံး ၂ ကြိမ်ပေါက်
DVB
·
December 29, 2023
မရမ်းကုန်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံးရှေ့  ဗုံး ၂ ကြိမ်ပေါက်
Donate to DVB

ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ အမှတ် ၄ ရပ်ကွက်၊ ကျိုက်ဝိုင်းဘုရားလမ်းနဲ့ မင်းဓမ္မလမ်းထောင့်ရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံးရှေ့မှာ  ဒီဇင်ဘာ  ၂၈ ရက် မနေ့ ည ၇ နာရီခွဲက ဗုံးပေါက်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မနေ့ည ၇ နာရီခွဲက စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံးရှေ့နဲ့ အနီးဝန်းကျင်ရှိ ယာဥ်ထိန်းရုံးနားမှာ ဗုံးပေါက်ခဲ့တာဖြစ်တယ်လို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

"စက်မှုကြီးကြပ်ရေးရုံးရှေ့ အရင်ပေါက်တယ်။ ပြီးတော့ အဲဒီနားက မော်တော်ပီကယ်ရုံးနားမှာလည်း ပေါက်တယ်။ ၅ မိနစ်လောက်ကွာတယ်။ ဗုံးပေါက်တဲ့အချိန်က ထိခိုက်ဒဏ်ရာရတော့ မသိဘူး စစ်တပ်ရော ရဲရော အများကြီးပဲ"လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ ၈ မိုင်၊ ကျောက်ဝိုင်း၊ ရဲဘော်ဟောင်းနဲ့ သမိုင်းလမ်းဆုံမှတ်တိုင်တွေမှာ လမ်းသွားလမ်းလာနဲ့ အိမ်စီးကားတွေကို စစ်ဆေးခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

"ဗုံးက နှစ်ကြိမ်ပေါက်တာ ဗုံးတလုံး အရင်ပေါက်တယ်။ စစ်တပ်သွားတော့ တလုံးက မပေါက်သေးဘူး။ ဗုံးရှင်းတဲ့အဖွဲ့က ဖောက်လိုက်တာ ထိခိုက်ဒဏ်ရာရတဲ့သူမရှိဘူး။”

အဆိုပါတိုက်ခိုက်မှုကို  Freeland Attack Force- FLA ၊ Anonymous Fighters Force- AFF နဲ့ Emerald Girls Army- EGA တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၂၇ ရက် နေ့လယ် တနာရီခွဲကလည်း အင်းစိန်မြို့နယ် အင်းစိန်ထောင်ရှေ့မှာ ဗုံးပေါက်ခဲ့ရာ အမျိုးသမီး နှစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ရန်ကုန်မှာ ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်း တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံအရှေ့၊ ကြည့်မြင်တိုင်၊ ဒေါပုံ၊ ဗိုလ်တထောင်၊ တာမွေ၊ အလုံ၊ ဒလနဲ့ မင်္ဂလာဒုံမြို့နယ်တွေမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး  အမျိုးသား ၂ ဦးသေဆုံးကာ  ၁၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013