DVB Logo
Home
မြန်မာသတင်း
ဗြိတန်နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး မြန်မာနိုင်ငံကို လာရောက်လေ့လာမည်
DVB
·
August 23, 2014
ဗြိတန်နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး မြန်မာနိုင်ငံကို လာရောက်လေ့လာမည်
Donate to DVB

ဗြိတိန်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Mr.Desmon Swayne ဟာ သြဂုတ်လ ၂၅ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပြီး နိုင်ငံတကာဖွံဖြိုးတိုးတက်ရေးဌာန မြန်မာနိုင်ငံမှာ ဖွင့်လှစ်တဲ့ ၁၀ နှစ်ပြည့် အခမ်းအနားကို တက်ရောက်မှာ ဖြစ်ပါတယ်။

Desmond Swayne မြန်မာနိုင်ငံမှာ ၃ ရက်ကြာနေထိုင်မှာဖြစ်ပြီး ပထမရက်မှာ ရွှေပြည်သာ၊ လှိုင်သာယာ မှာရှိတဲ့ ကျန်းမာရေးကဏ္ဍနဲ့ အသေးစားချေးငွေကဏ္ဍတွေကို အကူအညီပေးနိုင်ဖို့ သွားရောက်မှာ ဖြစ်ပါတယ်။

ဒုတိယနေ့မှာတော့ မြစ်ကြီးနားမြို့ကို သွားရောက်မှာဖြစ်ပြီး စစ်ရှောင်စခန်းတွေနဲ့ နေရပ် စွန့်ခွာပြေးသူတွေဆီ သွားရောက်မှာဖြစ်တဲ့အပြင် စိုက်ပျိုးရေးနဲ့ ကျေးရွာဖွံဖြိုးမှု အစီစဉ်တွေကိုလည်း သွားရောက်ကြည့်ရှုမှာဖြစ်ပါတယ်။

တတိယနေ့မှာတော့ နေပြည်တော်ကိုသွားရောက်ပြီး လွှတ်တော်တွင်းမှာ ပူးပေါင်းဆောင်ရွက် နေတဲ့ အစီအစဉ်တွေအတွက် ၀န်ကြီးအချို့နဲ့ တွေ့ဆုံသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း သွားရောက်တွေ့ဆုံမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013