DVB Logo
Home
အားကစား
မန်စီးတီးနှင့် ချဲလ်ဆီးတို့ နိုင်ပွဲ ပြန်လည်ရရှိ
DVB
·
December 28, 2023
မန်စီးတီးနှင့် ချဲလ်ဆီးတို့ နိုင်ပွဲ ပြန်လည်ရရှိ
Donate to DVB

မနေ့ညက ကစားသွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ မန်စီးတီးနဲ့ ချဲလ်ဆီးတို့ နိုင်ပွဲပြန်လည်ရရှိခဲ့ပါတယ်။

နောက်ဆုံးကစားခဲ့တဲ့ လိဂ်ပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့နဲ့ သရေကျခဲ့တဲ့ မန်စီးတီးအသင်းဟာ မနေ့ညက ပွဲစဉ်မှာ အဲဗာတန်ကို ၃ ဂိုး ၁ဂိုးနဲ့ အနိုင်ရပြီး နိုင်ပွဲပြန်ရှာနိုင်ခဲ့တာပါ။

ဟာလန်း၊ ဒီဘရိုင်း၊ ဒီယက်ဇ်နဲ့ ဒိုကူတို့မပါဝင်နိုင်ခဲ့တဲ့ စီးတီးဟာ အဲဗာတန်ကို ဦးဆောင်ဂိုး အရင်ပေးခဲ့ရပေမဲ့ ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တာပါ။

ဖိုဒမ်၊ အယ်ဗာရက်ဇ်နဲ့ ဆေးလ်ဗားတို့က မန်စီးတီးအတွက် ဂိုးသွင်းခဲ့ပါတယ်။ နောက်ဆုံး ပရီးမီးယားလိဂ်ပွဲမှာ ဝုဗ်ကို ရှုံးနိမ့်ခဲ့တဲ့ ချဲလ်ဆီးဟာလည်း ခရစ္စတယ်ပဲလေ့အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

ပွဲပြီးခါနီးအထိ တဂိုးစီသရေကျနေခဲ့ပေမဲ့   ၈၉ မိနစ်မှာ ပင်နယ်တီရရှိခဲ့ပြီး လူစားဝင် တိုက်စစ်ကစားသမား  မာဒူကီက  သွင်းယူခဲ့တာပါ။

တခြားပွဲစဉ်မှာတော့ ဝုဗ်အသင်းက ဟွမ်ဟီးချန်ရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ အတူ ဘရန့်ဖို့ဒ်ကို ၄ ဂိုး ၁ဂိုးနဲ့ ခြေစွမ်းပြ အနိုင်ယူခဲ့ပါတယ်။  

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013