DVB Logo
Home
မြန်မာသတင်း
မော်တော်ယာဉ် ဥပဒေကြမ်း ရန်ကုန်လွှတ်တော်တွင် ဆွေးနွေး
DVB
·
August 22, 2014
မော်တော်ယာဉ် ဥပဒေကြမ်း ရန်ကုန်လွှတ်တော်တွင် ဆွေးနွေး
Donate to DVB

ပုဂ္ဂလိကပိုင် မော်တော်ယာဉ်တွေ စနစ်တကျ ပြေးဆွဲရေး အပါအဝင် ဥပဒေကြမ်း ၅ ခုကို ဒီနေ့ပြန်လည်ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပါတယ်။

ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေးကို တပ်မတော်သား ကိုယ်စားလှယ်အစား ထိုး ကတိသစ္စာပြုတာနဲ့ စတင်လိုက်ပြီးနောက် မေးခွန်း ၆ ခု၊ အဆို ၄ ခုနဲ့  ဥပဒေကြမ်း ၅ ခုကို လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ကြပါတယ်။

ဥပဒေမူကြမ်းတွေကတော့  ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲရေး ဥပဒေကြမ်း၊ ပုဂ္ဂလိကပိုင် ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ဥပဒေကြမ်း၊  ယစ်မျိုးခွန် ဥပဒေကြမ်းနဲ့ ၂၀၁၃ ခုနှစ် မြို့တော် စည်ပင်သာယာရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းတွေကို တင်သွင်းခဲ့တာပါ။

DSC09364ဒီဥပဒေမူကြမ်းနဲ့ပတ် သက်ပြီး  ဗဟန်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ်၂ က တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဒေါက်တာ  ညိုညိုသင်းက  ကန့်ကွက်ခဲ့ပြီး လွှတ်တော်မှာ  ဆွေးနွေးဖို့ မသင့်ဘူးဆိုတဲ့ အဆိုကို မဲခွဲဆုံးဖြတ်ရာမှာတော့ ထောက်ခံသူ နည်းနည်းပဲရှိပြီး  အဆို ရှုံးနိမ့်ခဲ့ပါတယ်။

ဒီကနေ့ အစည်းအဝေးမှာ  သာကေတမြို့နယ် ရှုခင်းသာရပ်ကွက် မြို့ပတ်လမ်းမှာရှိတဲ့ စားအုန်း ဆီစက်ရုံက ဘေးထွက်ဆိုးကျိုးတွေကြောင့် ပြည်သူတွေရဲ့ ကျန်းမာရေး ထိခိုက်တဲ့အတွက် အရေးယူဆောင်ရွက်ပေးဖို့နဲ့  ဥပဒေနဲ့ မညီညွတ်တဲ့အတွက် စက်ရုံပိတ်သိမ်းပြောင်းရွှေ့ပေးဖို့ အစီအစဉ်ရှိ မရှိ မေးခွန်းကိုတော့ စက်ရုံဘက်က အနံ့ဆိုးတွေ ပျောက်အောင် လုပ်ထားတယ်လို့ သက်ဆိုင်ရာက ဖြေကြားပါတယ်။

ဒါ့အပြင်  စနစ်မကျတဲ့  လျှပ်စစ်ဓာတ်ကြိုးပြတ်တောက်မှုကြောင့်  အသက်ဆုံးရှုံးမှုတွေ ရှိတာ ကြောင့် အရည်အသွေးကောင်းမွန်ပြီး စနစ်တကျ သွယ်တန်းဆောင်ရွက်ဖို့ တိုက်တွန်းကြောင်း အဆိုနဲ့ ရန်ကုန်မြို့ပြ ရှေးဟောင်းအမွေအနှစ်တွေကို တိုင်းအစိုးရအဖွဲ့အနေနဲ့ စနစ်တကျထိန်းသိမ်းဖို့ တိုက်တွန်းတဲ့အဆိုလည်း တင်သွင်းခဲ့ပြီး လာမယ့် သြဂုတ် ၂၅ ရက်နေ့ လွှတ်တော် ပြန်စချိန်မှာ  ဒီကိစ္စတွေ ဆွေးနွေးဖို့ ရှိပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013