DVB Logo
Home
မြန်မာသတင်း
တာဝါတိုင်ဆောက်ရာတွင် ကလေးလုပ်သားအသုံးပြုမှု တယ်လီနော်ဖော်ထုတ်
DVB
·
August 22, 2014
တာဝါတိုင်ဆောက်ရာတွင် ကလေးလုပ်သားအသုံးပြုမှု တယ်လီနော်ဖော်ထုတ်
Donate to DVB

မိုဘိုင်းဖုန်း တာဝါတိုင်တွေ တည်ဆောက်ရာမှာ   ကုမ္ပဏီနဲ့ ကန်ထရိုက် ရထားတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေက အသက်မပြည့်သေးတဲ့ ကလေးအလုပ်သမားတွေ   အသုံးပြုတာ တွေ့ရှိခဲ့တယ်လို့ ဆက်သွယ်ရေး လိုင်စင်ရထားတဲ့ တယ်လီနော  မြန်မာက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

တယ်လီနော မြန်မာက တာဝါတိုင် တည်ဆောက်ရေး လုပ်ငန်းခွင်မှာ ကန်ထရိုက်တွေက အသက်မပြည်တဲ့ ၁၈ နှစ်အောက် ကလေးငယ်တွေကို အသုံးပြုနေတဲ့ ဖြစ်ရပ်တွေ တွေ့ရှိခဲ့တယ်လို့ ကုမ္ပဏီက မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ လုပ်ငန်းနောက်ဆုံး အခြေအနေကို ရှင်းပြရာမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။

ပဲခူးတာဝါတိုင်ဆောက်လုပ်ရေးမှာ အသက် ၁၇ နှစ်နဲ့ ၁၇ နှစ်ခွဲ ကလေး ၂ ဦးကို တွေ့ခဲ့ရပြီး မန္တလေးမှာတော့ အသက် ၁၂ နှစ်ကလေး ၂ ဦးနဲ့ ၁၃ နှစ် အရွယ်ကလေး ၁ ဦးကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါအပြင် အသက် ၁၅ နှစ်အရွယ်ကလေး တဦးကလည်း ဖခင်နဲ့ အတူ အလုပ်လိုက် လုပ်နေတာကို တွေ့ခဲ့ရသလို ဒီကလေးကို နောက်ကုမ္ပဏီမှာ အလုပ်ပေးလိုက်တယ်လို့ ပြောပါတယ်။

အန္တရာယ်ရှိတဲ့အတွက် တာဝါတိုင်ဆောက်ဖို့ အသက်ကန့်သတ်ချက်က တခြားအလုပ်တွေထက် ပိုများပြီး အနည်းဆုံး ၁၈ နှစ်ရှိရမယ်လို့ သတ်မှတ်ထားကြောင်းလည်း တယ်လီနော်က ဆိုပါ တယ်။

မြန်မာနိုင်ငံမှာ အသက်မပြည့်တဲ့ ကလေးသူငယ်တွေကို အသုံးပြုတာ ယေဘုယျအားဖြင့် လက်ခံထားပေမယ့် တယ်လီနောရဲ့လုပ်ဖော်ကိုင်ဘက်တွေနဲ့ လက်မှတ်ရေးထိုးထားတဲ့ လုပ်ထုံးလုပ်နည်းတွေမှာ အသက် ၁၅ နှစ်အောက် ကလေးသူငယ် အသုံးမပြုရဘူးလို့ သဘောတူညီထားကြောင်း တယ်လီနောပြောခွင့်ရ ဟန်နာ ကဒ်ဆန်က ဒီဗွီဘီကို ပြောပါတယ်။

တယ်လီနောကုမ္ပဏီက ကြိုးစားလုပ်ဆောင်ပေမယ့် လုပ်ဖော်ကိုင်ဖက်တွေမှာတော့ ချိုးဖောက်တာတွေ အမြဲရှိနိုင်ပြီး ဒီဖြစ်ရပ်တွေကို စုံစမ်းစစ်ဆေးတဲ့သူတွေလည်း ရှိနေတယ်လို့ တယ်လီနောက ဆိုပါတယ်။

တယ်လီနောဟာ  မြန်မာပြည်မှာ  လာမယ့် စက်တင်ဘာလကစတင်ပြီး ဖုန်း ၀န်ဆောင်မှုတွေကို ရန်ကုန်မန္တလေးနဲ့ နေပြည်တော်တွေမှာ စတင်ပေးသွားမှာ ဖြစ်ပြီး ကျပ် ၁၅၀၀ ထက်မပိုတဲ့ ဆင်းကတ်နဲ့ ဒေါ်လာ ၂၀ ထက်မပိုတဲ့ ဆင်းကတ်တွေ စတင်ရောင်းချပေးမယ်လို့ ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013