DVB Logo
Home
မြန်မာသတင်း
သမ္မတကို ဆန္ဒပြသည့် သတင်းထောက် ၅၀ အမှု ပိတ်သိမ်း
DVB
·
August 22, 2014
သမ္မတကို ဆန္ဒပြသည့် သတင်းထောက် ၅၀  အမှု ပိတ်သိမ်း
Donate to DVB

မြန်မာငြိမ်းချမ်းရေးစင်တာရှေ့မှာ ခွင့်ပြုချက်မယူပဲ သမ္မတဦးသိန်းစိန်ကို ဆန္ဒထုတ် ဖော်ခဲ့ကြတဲ့ သတင်းသမား အယောက် ၅၀ ကို ငြိမ်းချမ်းစွာ စီတန်းလှည့်ခွင့်ဆိုင်ရာ  ပုဒ်မ ၁၈ နဲ့ ဖွင့်ထားတဲ့အမှု မနေ့က  ပြန်ရုပ်သိမ်းလိုက်ကြောင်း  ကမာရွတ်ရဲစခန်းက ဒီဗွီဘီကို အတည်ပြု ပြောပါတယ်။

[caption id="attachment_60153" align="alignright" width="300"]ဇူလိုင် ၁၂ ရက်က သတင်းသမားများ ဆန္ဒပြနေကြစဉ် ဇူလိုင် ၁၂ ရက်က သတင်းသမားများ ဆန္ဒပြနေကြစဉ်[/caption]

ယူနတီဂျာနယ်ရဲ့ သတင်းထောက်တွေ ကို နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့တဲ့အပေါ် မကျေနပ်လို့ ဇူလိုင် ၁၂ ရက်နေ့ က မြန်မာငြိမ်းရေး စင်တာ (အမ်ပီစီ) မှာ အနုပညာရှင်တွေနဲ့ လာတွေ့တဲ့  သမ္မတဦးသိန်းစိန်ကို  သတင်းထောက် အယောက် ၅၀ က သတင်းရယူခြင်း မပြုပဲ  ကင်မရာတွေကို ရှေ့မှာချ၊ ပါးစပ်ကို တိပ်အမဲတွေနဲ့ ကြက်ခြေခတ်ပုံစံ ပိတ်ပြီး ဆန္ဒပြ ခဲ့ကြတာပါ။

ဒီလို ဆန္ဒဖော်ထုတ်ခဲ့တာနဲ့ ပက်သက်ပြီး အဲဒီနေ့မှာပဲ ကမာရွတ်ရဲစခန်း ဒုရဲမှူး မောင်မောင်ဦးက  ခွင့်ပြုချက် မယူဘဲ ဆန္ဒထုတ်ဖော်မှု ပုဒ်မ ၁၈ နဲ့ သတင်းသမားတွေကို အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို အမှုဖွင့်ထားတာကို သြဂုတ် ၂၁ ရက်နေ့က ပိတ်သိမ်းလိုက်ပြီး အလားတူ ဖြစ်စဉ်မျိုး နောက်ထပ် ကျူးလွန်ရင်တော့ တရားဥပဒေအတိုင်း စီရင်ဖို့ ရှိတယ်လို့ ကမာရွတ်ရဲစခန်း ဒုရဲမှူး မောင်မောင်ဦးက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့က တရားစွဲတာ မဟုတ်ပါဘူး။ ရဲစခန်းမှာ ပုဒ်မ ၁၈ နဲ့ အမှုဖွင့်တာပါ။ တရားရုံးကို တရားစွဲတင်ထားတာ မရှိပါဘူး။ အခု ရဲစုံစမ်းမှု ရပ်ဆိုင်းလိုက်တာပေါ့။ ကျနော်တို့က ဥပဒေအောက်မှာပဲ အားလုံး နေကြရမယ့်သူတွေဆိုတော့ ထပ်မံပြီး ဥပဒေ ကျူးလွန်ရင်တော့ အရေးယူခံရမှာပေါ့။”

တရာစွဲခံရတဲ့ထဲမှာ ပါဝင်သူတဦးဖြစ်တဲ့  သမဂ္ဂဂျာနယ်သတင်းထောက်ချုပ်  ဒေါ်ရွှေမှုံက  အမှု ရုပ်သိမ်းလိုက်တာနဲ့ ပတ်သက်ပြီး ခုလို  ပြောပါတယ်။

“အာဏာပိုင်ဆိုတာက အာဏာရှိရင် အသုံးချစမြဲပဲလေ။ ဘာလို့လဲဆိုတော့ အဲဒီအချိန်မှာ စခန်းမှူးက သူကိုယ်တိုင်ပဲ အမိန့်ထုတ်ခဲ့တာ။ သူကိုယ်တိုင်ပဲ ဒီစကားကို ပြောခဲ့တာ။ ကျမတို့ကို တိုက်ရိုက်ပြောပြီး သူပဲ အမှုဖွင့်ခဲ့တာ။ တကယ်တမ်းကျတော့ တရားဝင် ကျမတို့ကို လှမ်းပြီးတော့ အမှုဖွင့်တာကို စာပို့တာတွေ တရားဝင် ဘာမှမလုပ်ဘူး။ အခုပိတ်တဲ့အချိန်မှာ ဘာမှမလုပ်သွားဘူး။ ဒီအတိုင်းပဲ ပိတ်သွားတယ်။ ကိုယ့်နိုင်ငံမှာရှိတဲ့ တရားဥပဒေစိုးမိုးမှုနဲ့ အာဏာဆိုတဲ့အရာက ဘယ်လိုပုံစံမျိုးတွေ လုပ်လို့ရလဲဆိုတာ ကျမတို့ မီဒီယာတွေ ကောင်းကောင်း နားမလည်တော့ဘူး။”

ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ခံရသူ ဒို့တောင်သူဂျာနယ်က အမှုဆောင်အယ်ဒီတာ ဒေါ်အိမွန်ကျော်က “လွတ်လပ်ခွင့်ရဖို့အတွက်ဆိုရင်တော့ ဆက်တိုက်ရဦးမှာပဲ။ တိုက်တယ်ဆိုတာကလည်း လက်နက်ကိုင်ပြီးတိုက်မှ တိုက်တယ်လို့ ခေါ်တာမဟုတ်ဘူးလေ။ ကိုယ်တွေရဲ့ လုပ်ပိုင်ခွင့်ကို ဒီထက် ကျယ်ကျယ်ပြန့်ပြန့်လေး လုပ်ကိုင်လို့ရအောင် ကြိုးစားသွားမှာပါ။ ဒါပေမယ့် တချို့ဟာတွေက ခက်ခဲတာတွေ ရှိတယ်။ လွတ်လပ်ခွင့် ရယူတဲ့နေရာမှာ ကိုယ်ကပဲ လွတ်လပ်ရမယ်ဆိုပြီး ရေးချင်တိုင်ရေးလို့ မရဘူး။ ကိုယ့်ဘောင်ထဲက ကျင့်ဝတ်နဲ့အညီ ရေးသားဖို့ လိုပါတယ်။ လုပ်စရာတွေက အများကြီးပါပဲ။ ဆက်ပြီးတော့ ညှိနှိုင်းမှုတွေရော၊ ထိတ်တိုက်တွေ့တာတွေရော အများကြီးလုပ်သွားရမှာပါ” လို့ ပြောပါတယ်။

သမ္မတဦးသိန်းစိန်၊ လွှတ်တော်အကြီးအကဲ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး   မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)အကြား  တွေ့ဆုံဆွေးနွေးပွဲတွေအပြီးမှာ  ခုလို   သတင်းထောက်တွေကို ပုဒ်မ ၁၈ နဲ့ စွဲထားတဲ့အမှုကို ပိတ်သိမ်းလိုက်တာလည်း ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်ကတော့  ဖမ်းဆီး တရားစွဲခံနေရတဲ့ သတင်းမီဒီယာသမားတွေ နစ်နာမှု မရှိအောင် အစိုးရက ကြိုးပမ်းဆောင်ရွက်ပေးသွားမယ်လို့  စာနယ်ဇင်းကောင်စီနဲ့ တွေ့ဆုံစဉ်က ကတိပေးပြောကြားခဲ့ပါတယ်။

ခုလို သတင်းသမားတွေကို စွဲထားတဲ့အမှု ပိတ်သိမ်းလိုက်တာဟာ ကျေနပ်စရာ ကောင်းတယ်လို့ စာနယ်ဇင်းကောင်စီ ယာယီအဖွဲ့ဝင် ဦးသီဟစောက ပြောပါတယ်။

ယူနတီဂျာနယ် သတင်းထောက်တွေ လွှတ်ပေးဖို့ ဆန္ဒပြတဲ့ သတင်းသမားတွေ အစုလိုက် အပြုံလိုက် တရားစွဲ ထောင်ချခံရမယ့်အခြေအနေကနေ လွတ်ကင်းသွားပြီ ဖြစ်ပေမယ့်  ယူနတီဂျာနယ်သတင်းသမားတွေကတော့  လျှို့ဝှက်ဓာတုစက်ရုံ သတင်းရေးသားမှုအတွက် နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုနဲ့  နှစ်ရှည်ထောင်ဒဏ်တွေ ဆက်လက် ကျခံနေရဆဲ ဖြစ်ပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013