DVB Logo
Home
နိုင်ငံတကာ
စစ်ရေးဖိအားမပေးပါက ဓားစာခံများ မလွတ်မြောက်နိုင်ဟု အစ္စရေးဝန်ကြီးချုပ်ပြော
DVB
·
December 27, 2023
စစ်ရေးဖိအားမပေးပါက ဓားစာခံများ မလွတ်မြောက်နိုင်ဟု အစ္စရေးဝန်ကြီးချုပ်ပြော
Donate to DVB

စစ်ရေးအရ ဖိအားမပေးရင် ဂါဇာမှာ ထိန်းသိမ်းထားတဲ့ ကျန်နေတဲ့ ဓားစာခံတွေကို လွှတ်ပေးနိုင်ရေးက အောင်မြင်မှာမဟုတ်ဘူးလို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဒီဇင်ဘာ ၂၅ ရက်မှာ ပြောပါတယ်။

“စစ်တပ်ဖိအားမရှိဘဲ ဓားစာခံ ၁၀၀ ကျော်ကို လွှတ်ပေးဖို့ကိစ္စက အခုအချိန်အထိ ကျနော်တို့ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး”လို့ နေတန်ယာဟုက အစ္စရေးလွှတ်တော်မှာ မိန့်ခွန်းပြောချိန် ထည့်သွင်းပြောလိုက်တာပါ။

ဓားစာခံတွေရဲ့ မိသားစုဝင်တွေ အခန်းထဲမှာ ထိုင်နေကြပြီး ဝန်ကြီးချုပ်ကို ငုံ့ကြည့်ရင်း မှန်နောက်မှာ သူတို့ရဲ့ဆွေမျိုးတွေရဲ့ ဓာတ်ပုံပါတဲ့ ပိုစတာတွေကို ကိုင်ဆောင်ကာ နှောင့်ယှက်ခဲ့ကြပါတယ်။

အမေရိကန်၊ ကာတာနဲ့ အီဂျစ်တို့က နိုဝင်ဘာလနှောင်းပိုင်းမှာ ကြားဝင်စေ့စပ်ထားတဲ့ သဘောတူညီချက်အရ ဂါဇာမှာ အောက်တိုဘာ ၇ ရက်က ဟားမတ်စ်စစ်သွေးကြွတွေ ဖမ်းဆီးခံထားရတဲ့ ဓားစာခံ ၂၄၀ လောက်ထဲက ၁၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ အစ္စရေးဓားစာခံ သုံးဦကတော့  အခုလအစောပိုင်းက ဂါဇာမှာ မှားယွင်း သတ်ဖြတ်ခံခဲ့ရပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ အမြဲတမ်း အပစ်အခတ်ရပ်စဲရေးအတွက် အပြန်အလှန်အနေနဲ့ ဟားမတ်စ်က အာဏာစွန့်ရမယ့် အီဂျစ်ရဲ့ အဆိုပြုချက်ကို ဟားမတ်စ်နဲ့ မဟာမိတ် အစ္စလာမ္မစ်ဂျီဟတ်အဖွဲ့တို့က ပယ်ချခဲ့တယ်လို့ အီဂျစ်လုံခြုံရေး သတင်းရင်းမြစ်နှစ်ခုက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ဂါဇာကမ်းမြောင်ဒေသက ဟားမတ်စ် ဦးဆောင်တဲ့ ပါလက်စတိုင်း စစ်သွေးကြွတွေနဲ့ ဖြစ်နေတဲ့ စစ်ပွဲဟာ ဒေသတွင်းမှာ တခြားဒေသတွေဆီ ကျယ်ပြန့်လာနေပြီး အစ္စရေးကို တိုက်ခိုက်မှုအတွက် တုံ့ပြန်တဲ့အနေနဲ့ အီရတ်၊ ယီမင်နဲ့ အီရန်နိုင်ငံတွေထဲမှာ အစ္စရေးက လက်တုံ့ပြန်တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီးက ဒီဇင်ဘာ ၂၆ ရက်မှာ အရိပ်အမြွက် ပြောခဲ့ပါတယ်။

အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအက်ဗ် ဂေါလန့်ထ်က “ကျနော်တို့ဟာ စစ်မျက်နှာပေါင်းစုံ ပွင့်နေတဲ့ ရှေ့တန်းစစ်ပွဲထဲမှာ ရှိနေပြီး ဂါဇာ၊ လက်ဘနွန်၊ ဆီးရီးယား၊ ယုဒနဲ့ ရှမာရိ (အနောက်ဘက်ကမ်း)၊ အီရတ်၊ ယီမင်နဲ့ အီရန် စစ်မျက်နှာ ၇ ခုကနေ တိုက်ခိုက်ခံနေရပါတယ်။ စစ်မျက်နှာ ၆ ခုမှာ ကျနော်တို့ တုံ့ပြန်အရေးယူပြီးပါပြီ”လို့ လွှတ်တော်ကိုယ်စားလှယ်တွေကို ပြောပါတယ်။

ဟားမတ်စ်အဖွဲ့က အောက်တိုဘာ ၇ ရက်က အစ္စရေးကို ပစ်ခတ်တိုက်ခိုက်ပြီးကတည်းက အစ္စရေးစစ်တပ်က လက်ဘနွန်နဲ့ ဆီးရီးယားတို့ကနေ တိုက်ခိုက်နေတာတွေအတွက် လက်တုံ့ပြန်ခဲ့တယ်၊ အစ္စရေးက သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းဒေသက ပါလက်စတိုင်း စစ်သွေးကြွတွေကို စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

အီရန်နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ယီမင်နိုင်ငံထဲက ဟူသီတွေကလည်း အစ္စရေးကို တာဝေးပစ်ဒုံးကျည်နဲ့ ဒရုန်းတွေ ပစ်လွှတ်တိုက်ခိုက်ခဲ့ပြီး ပင်လယ်နီထဲက သင်္ဘောတွေကိုပါ တိုက်ခိုက်ခဲ့ပါတယ်။

အစ္စရေးတောင်ပိုင်း ဆိပ်ကမ်းမြို့ အီလတ်ထ်ကိုလည်း အီရန်လိုလားတဲ့ အီရတ်နိုင်ငံထဲက ပြည်သူ့စစ်အဖွဲ့က ဒရုန်းတစီးနဲ့ ပစ်ခတ်ခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013