DVB Logo
Home
နိုင်ငံတကာ
ရုရှားအတိုက်အခံ နာဗယ်လ်ညီ ဆိုးရွားသည့် ရာဇဝတ်ထောင်သို့ ပြောင်းရွှေ့ခံထားရ
DVB
·
December 26, 2023
ရုရှားအတိုက်အခံ နာဗယ်လ်ညီ ဆိုးရွားသည့် ရာဇဝတ်ထောင်သို့ ပြောင်းရွှေ့ခံထားရ
Donate to DVB

အကျဉ်းချခံထားရတဲ့ ရုရှားအတိုက်အခံ နိုင်ငံရေးသမား အလက်ဇီ နာဗယ်လ်ညီကို အာတိတ်စက်ဝိုင်းရဲ့ မြောက်ဘက်က ဆိုးရွားတဲ့ ရာဇဝတ်မှုဆိုင်ရာ အကျဉ်းထောင်တခုဆီ ပို့ထားတာ ခြေရာခံလိုက်နိုင်ခဲ့တယ်လို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ရိုက်တာသတင်းဌာနကို ဒီဇင်ဘာ ၂၅ ရက်က ပြောပါတယ်။

နာဗယ်လ်ညီဟာ ခုတော့ မော်စကိုမြို့တော်ရဲ့ အရှေ့မြောက်ဘက် မိုင် ၁,၂၀၀ အကွာ ယာမယ်လ် နေနတ်စ် ဒေသထဲက IK-3 ရာဇဝတ်ထောင်ထဲမှာ ရှိနေတယ်လို့ သူ့ရဲ့ ပြောခွင့်ရအမျိုးသမီး ကီရာ ယာမွတ်ရှ်က ပြောပါတယ်။

နာဗယ်လ်ညီဟာ ရုရှားနိုင်ငံရဲ့ အကျဉ်းထောင်စနစ်ထဲမှာ အပြင်းထန်ဆုံးအဆင့်ဖြစ်တဲ့ အထူးစစ်ထောင်ဆီကို ပြောင်းရွှေ့ခံရမယ်လို့ သူ့ရဲ့ မဟာမိတ်တွေက မျှော်လင့်ထားခဲ့တာပါ။

နာဗယ်လ်ညီဟာ ဒီဇင်ဘာ ၆ ရက်ကတည်းက သူ့ရှေ့နေတွေကို မတွေ့ရတော့ဘဲ သူ့ကံကြမ္မာနဲ့ ပတ်သက်လို့ တပ်လှန့်နှိုးဆော်ထားရတယ်လို့ သူ့မဟာမိတ်တွေက ပြောပါတယ်။

ရုရှားမှာ အပြင်းထန်ဆုံး အကျဉ်းထောင်တွေထဲက တခုလို့ သတ်မှတ်ခံထားရတဲ့ “ဝင်ရိုးစွန်းဝံပုလွေ” ထောင်လို့ လူသိများတဲ့ နေရာသစ်မှာ ရှေ့နေတွေနဲ့တွေ့ဖို့ အခုအချိန်မှာ ပိုခက်ခဲလာမယ်လို့ ယာမွတ်ရှ်က ပြောပါတယ်။ အဲဒီမှာ အကျဉ်းသားအများစုဟာ ကြီးလေးတဲ့ ရာဇဝတ်မှုတွေနဲ့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

ဆောင်းရာသီက ကြမ်းတမ်းပြီး အပူချိန်ဟာ နောက်အပတ်မှာ ရေခဲမှတ်အောက် အနုတ် ၂၈ စင်တီဂရိတ် ဝန်းကျင်ထိ ကျဆင်းသွားနိုင်ပါတယ်။

နာဗယ်လ်ညီကတော့ သူဟာ ရုရှားနိုင်ငံရေး ရေပေါ်ဆီတွေအတွက် ခြိမ်းခြောက်မှုတရပ် အဖြစ် ရှုမြင်ခံရလို့ ထောင်ချခံရတာလို့ ပြောပါတယ်။

ထောင်သားတယောက်အနေနဲ့ သူဟာ ရွေးကောက်ပွဲ ဝင်မပြိုင်နိုင်ပါဘူး။

အာဏာပိုင်တွေကတော့ နာဗယ်လ်ညီနဲ့ သူ့ကိုထောက်ခံသူတွေဟာ ရုရှားကို မတည်မငြိမ် ဖြစ်အောင် ကြိုးစားနေပြီး အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) နဲ့ ပတ်သက်နေတဲ့ အစွန်းရောက်တွေအဖြစ် ရှုမြင်ပါတယ်။

ရုရှားအာဏာပိုင်တွေက သူ့လှုပ်ရှားမှုတွေကို ဥပဒေနဲ့ မညီဘူးလို့ ပြောပြီး သူ့ကို ထောက်ခံသူ အများအပြားကို နိုင်ငံခြားထွက်ပြေးရအောင် လုပ်ခဲ့ပါတယ်။

နာဗယ်လ်ညီကတော့ စွဲချက်အားလုံးကို ငြင်းပြီး ရုရှားတရားရေးစနစ်က နက်နက်ရှိုင်းရှိုင်း အကျင့်ပျက် ခြစားနေတယ်လို့ ပြောခဲ့ပါတယ်။

ရုရှားအစိုးရကတော့ နာဗယ်လ်ညီကို ရာဇဝတ်သားလို့ ပြောခဲ့ပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013