DVB Logo
Home
မြန်မာသတင်း
ရုပ်ရှင်အကယ်ဒမီဆုများကို အမှတ်ပေးစနစ်ဖြင့် ရွေးမည်
DVB
·
August 22, 2014
ရုပ်ရှင်အကယ်ဒမီဆုများကို အမှတ်ပေးစနစ်ဖြင့် ရွေးမည်
Donate to DVB

၂၀၁၄ နှစ်ကုန်ပိုင်းမှာ ချီးမြှင့်ဖို့ရှိနေတဲ့ ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုအတွက် ဆန်ခါတင် ၆ ကားကို အမှတ်ပေးစနစ်နဲ့  ရွေးချယ်သွားမှာဖြစ်ပြီး ဒီတကြိမ် အကယ်ဒမီရွေးချယ်တဲ့နေရာမှာ အစိုးရက ပါဝင်ပတ်သက်တာ မရှိလို့ ပရိသတ်အကြိုက် ဖြစ်လိမ့်မယ်လို့ အကဲဖြတ် အဖွဲ့ဝင်တဦးဖြစ်တဲ့ ရွှေအမြုတေမဂ္ဂဇင်း အယ်ဒီတာ ဦးဝင်းငြိမ်းက ပြောပါတယ်။

၂၀၁၃ ခုနှစ်အတွင်း ရုံတင်ပြသခဲ့တဲ့ မြန်မာရုပ်ရှင်ဇာတ်ကားပေါင်း ၁၅ ကားထဲက  ၆ ကားကို အကယ်ဒမီ အကဲဖြတ် အဖွဲ့နှစ်ဖွဲ့ခွဲပြီး စိစစ်ရွေးချယ်နေကြတာဖြစ်ပါတယ်။

အကဲဖြတ် ပထမအဖွဲ့က အမှတ်ပေးရွေးချယ်ထားခဲ့တဲ့  အဲ့ဒီ ၆ ကားကို အခု အကဲဖြတ် ဒုတိယအဖွဲ့က တကျော့ကြည့်ရှုပြီးပါပြီ။

နောက်တကျော့ ကြည့်ပြီးရင်တော့ အကဲဖြတ်အဖွဲ့ဝင်တွေက အမှတ်ပေးရွေးချယ်ရမှာဖြစ်ပြီး သူတို့ တဦးချင်းပေးတဲ့ အမှတ်တွေကို စာအိတ်ထဲ ချိတ်ပိတ်ပေးရမှာ ဖြစ်ပါတယ်။

ချိတ်ပိတ်ထားတဲ့ စာအိတ်တွေကို အကဲဖြတ်အဖွဲ့ ဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီး၊ ဒုဝန်ကြီးနဲ့ ရုပ်ရှင်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးတို့ရှေ့မှာ ဖွင့်ဖောက်ပြီး အမှတ်ပေါင်း၊ အမှတ်အများဆုံးရသူတွေကို အကယ်ဒမီပေး ရွေးချယ်မှာ ဖြစ်ပါတယ်။

အကယ်ဒမီအကဲဖြတ် ဒုတိယအဖွဲ့ဝင် ဦးဝင်းငြိမ်းက သူတို စိတ်ကြိုက် လွတ်လွတ်လပ်လပ်ရွေးမှာပါလို့ ပြောပါတယ်။

“လွတ်လွတ်လပ်လပ် ရွေးမှာပါ။ ဌာနဆိုင်ရာ တယောက်မှ မပါပါဘူး။ အပြင်ပုဂ္ဂိုလ်တွေပဲ အကုန်လုံး။ ကျနော်လည်း ကျနော့်အကြိုက်ပဲ ကျနော်ပေးမှာ။ ပါတဲ့အဖွဲ့တွေကလည်း ကိုယ့်အကြိုက်ကိုယ်ပေးကြမှာဆိုတော့ တယောက်နဲ့တယောက် တိုင်ပင်တာလည်းမရှိဘူး၊ ကိုယ့်အကြိုက်ကိုယ်ပေးကြမှာဆိုတော့ ပရိသတ်ကြိုက်တဲ့ကားနဲ့ တူတဲ့ကားတွေ ဖြစ်လိမ့်မယ်ထင်ပါတယ်။”

ဆန်ကာတင်အကယ်ဒမီ ၆ ကားက နင်စေရင်၊ စေတန်ရဲ့ကချေသည်၊ အဖြူရောင်ရဲတိုက်၊ ကိုယ့်အထာနှင့် ကိုယ်၊ ကြယ်စင်မော်ကွန်း နဲ့ စုန်းပြူးး စတဲ့ကားတွေဖြစ်ပြီး ပေါ်လစီကားတကားနဲ့ ဟာသကားတကားတို့ ဆန်ခါတင်ထဲ ပါဝင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013