DVB Logo
Home
Lead Story
Nok Air က အီဘိုလာဗိုင်းရပ်စ် ကာကွယ်ရေး လုပ်ဆောင်
DVB
·
August 22, 2014
Nok Air က အီဘိုလာဗိုင်းရပ်စ် ကာကွယ်ရေး လုပ်ဆောင်
Donate to DVB

လေယာဉ်ခသက်သာတဲ့ ထိုင်းလေကြောင်းလိုင်း Nok Air ဟာ သူ့ခရီးသည်တွေ အီဘိုလာဗိုင်းရပ်စ် ကူးစက်မယ့်ဘေးကနေ ကာကွယ်ရေး လုပ်ဆောင်ချက်တွေကို စတင်နေပြီလို့ Nok Air ရဲ့ တရားဝင် facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

30176995-01_bigသြဂုတ် ၂၁ ရက်နေ့ကစတဲ့ လုပ်ဆောင်ချက်တွေ ထဲမှာ လေယာဉ် က မြေပေါ်မဆင်းသက်မီ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (ဒဗလျူအိပ်ခ်ျအို) က အတည်ပြုထားတဲ့ ပိုးသတ်ဆေး ကို နိုင်ငံတကာ ခရီးစဉ်တွေမှာ ဖြန်းပက်ပြီး လေယာဉ်ဆင်းပြီးမှာလည်း သေသေ ချာချာ ဆေးကြောမှုတွေ လုပ်မယ်လို့ ဆိုပါတယ်။

Nok Air ရဲ့ လေယာဉ်ဝန်ထမ်းတွေနဲ့ မြေပြင်ဝန်ထမ်းတွေကလည်း အီဘိုလာ ကူးစက်ခံ လက္ခဏာရှိတဲ့ ခရီးသည်တွေအတွက် သတိရှိတပ်လှန့်ထားမှာဖြစ်ပြီး လိုအပ်လာရင် လေယာဉ်ဆိုက်ရောက်ချိန်မှာ မြေပြင်ကို ရှင်းလင်းထားပြီး လေဆိပ်ဆရာဝန်တွေနဲ့ ကူးစက်မှု ကန့်သတ်ရေးဆိုင်ရာ အရာရှိတွေကို သတိပေးမှာ ဖြစ်တယ်လို့ အစီရင်ခံထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013