DVB Logo
Home
အားကစား
အင်္ဂလန်နှင့် လမ်းခွဲပြီးချိန်တွင် ထိပ်တန်းအသင်း ၁ သင်းကို တာဝန်ယူရန် ဆောက်ဂိတ် ရည်မှန်း
DVB
·
December 26, 2023
အင်္ဂလန်နှင့် လမ်းခွဲပြီးချိန်တွင် ထိပ်တန်းအသင်း ၁ သင်းကို တာဝန်ယူရန် ဆောက်ဂိတ် ရည်မှန်း
Donate to DVB

အင်္ဂလန်အသင်းနဲ့ လမ်းခွဲပြီးချိန်မှာ ပရီးမီးယားလိဂ် ထိပ်တန်းအသင်းတသင်းကို တာဝန်ယူဖို့ နည်းပြဆောက်ဂိတ်က ရည်မှန်းထားပါတယ်။

ဆောက်ဂိတ်ဟာ ၂၀၁၆ ခုနှစ်ကတည်းက အင်္ဂလန်လက်ရွေးစင်အသင်းကို စတင် တာဝန်ယူခဲ့တာပါ။

ကလပ်နည်းပြအဖြစ် အသင်းဟောင်း မစ်ဒယ်ဘရော့အသင်းကို ၃ နှစ်ကြာ တာဝန်ယူခဲ့ဖူးပေမဲ့ သူတာဝန်ယူခဲ့တဲ့ သုံးနှစ်မြောက်မှာ တန်းဆင်းခဲ့ရပါတယ်။

ကလပ်အသင်းတသင်းကို ကိုင်တွယ်ဖို့ စဉ်းစားမယ်ဆိုရင် မစ်ဒယ်ဘရော့နဲ့ သမိုင်းကြောင်းကို လူတွေက ပြောဆိုကြမှာဖြစ်ကြောင်း၊ တတိယမြောက်နှစ်မှာ တန်းဆင်းခဲ့ရတာမှန်ပေမဲ့ ပရီးမီးယားလိဂ် အတွေ့အကြုံ သုံးနှစ်ရရှိခဲ့ကြောင်း နည်းပြဆောက်ဂိတ်က ပြောပါတယ်။

ဆောက်ဂိတ်ဟာ ၂၀၂၄ ယူရိုပြိုင်ပွဲအပြီးမှာ အသင်းနဲ့ လမ်းခွဲနိုင်ပြီး ကလပ်အသင်းကို တာဝန်ယူဖို့ စဉ်းစားဖို့ရှိပါတယ်။

လတ်တလောမှာ ဖိအားတွေအောက်ရောက်နေတဲ့ ချဲလ်ဆီးနည်းပြ ပိုချက်တီနို၊ မန်ယူနည်းပြ တန်ဟတ်ဂ်တို့ရဲ့ နေရာတွေဟာ နည်းပြဆောက်ဂိတ် အစားထိုးနိုင်တဲ့ အသင်းတွေဖြစ်ကြောင်း ခန့်မှန်း သုံးသပ်ကြပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013