DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာ နေရပ်ပြန်ရေး ဩစတြေးလျက ဘင်္ဂလားဒေ့ရှ်ကို ဒေါ်လာ ၂၃၅ သန်း ကူညီမည်
DVB
·
December 26, 2023
ရိုဟင်ဂျာ နေရပ်ပြန်ရေး ဩစတြေးလျက ဘင်္ဂလားဒေ့ရှ်ကို ဒေါ်လာ ၂၃၅ သန်း ကူညီမည်
Donate to DVB

ရိုဟင်ဂျာတွေ မြန်မာနိုင်ငံမှာရှိတဲ့ သူတို့ရဲ့နေရပ်ကို ဘေးကင်းလုံခြုံစွာ ပြန်နိုင်ရေးအတွက် ဩစတြေးလျအစိုးရက ဘင်္ဂလားဒေ့ရှ်အစိုးရကို ဒေါ်လာ ၂၃၅ သန်း ကူညီသွားမယ်လို့ ဩစတြေးလျသံအမတ်ကြီးက ပြောပါတယ်။

တာဝန်ကနေ ပြောင်းရွှေ့တော့မယ့် ဩစတြေးလျသံအမတ်ကြီး ဂျရမီဘူဝါက ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာကို ဒါကာမြို့က သူနေထိုင်ရာ ဂါနာဘာဘန်ရိပ်သာမှာ နှုတ်ဆက်တဲ့အနေနဲ့ ဒီဇင်ဘာ ၂၄ ရက်မှာ သွားရောက်တွေ့ဆုံစဉ် အခုလို ကတိပေးခဲ့တာလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် BSS သတင်းက ဆိုပါတယ်။

တွေ့ဆုံစဉ်မှာ နှစ်နိုင်ငံအကျိုးစီးပွားဆိုင်ရာတွေကို ဆွေးနွေးခဲ့ကြကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

လာမယ့် ၁၂ ကြိမ်မြောက် ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲမှာ အကောင်းဆုံးဖြစ်စေဖို့ ဝန်ကြီးချုပ်ကို ဩစတြေးလျ သံအမတ်ကြီးက ဆုတောင်းပေးခဲ့ပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါဘေးကို ဘင်္ဂလားဒေ့ရှ်က ကောင်းမွန်စွာ ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့တာကို အသိအမှတ်ပြု ဂုဏ်ယူကြောင်းနဲ့ နှစ်နိုင်ငံက နိုင်ငံသားတွေ အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရေးကို သံအမတ်ကြီးက အလေးအနက် ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံကုန်သွယ်ရေးကို ကျေနပ်အားရကြောင်းနဲ့ စွမ်းအင်ကဏ္ဍ၊ သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှု စီမံခန့်ခွဲရေးကဏ္ဍတွေမှာ နှစ်နိုင်ငံ ပိုမိုပူးပေါင်းဆောင်ရွက်ရေး တို့ကိုလည်း အလေးအနက် ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဩစတြေးလျကို ရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဟာလည်း ကောင်းမွန် အဆင်ပြေနေကြကြောင်းနဲ့ ကာကွယ်ရေးကဏ္ဍမှာလည်း နှစ်နိုင်ငံ ပူးပါင်းဆောင်ရွက်နိုင်မယ့် အလားအလာတွေလည်း ရှိကြောင်း သူက ပြောခဲ့ပါတယ်။

ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီးတော့လည်း မြန်မာနိုင်ငံကနေ ဖိအားပေး မောင်းထုတ်ခံခဲ့ရတဲ့ ရိုဟင်ဂျာ ၁ သန်းကျော်ကို ကောင်းမွန်စွာ သူတို့နေရပ် ပြန်ပို့နိုင်ရေးအတွက် ဩစတြေးလျက အားပေးထောက်ခံကြောင်း၊ အဲဒီအတွက် ဘင်္ဂလားဒေ့ရှ်ကို ဒေါ်လာ ၂၃၅ သန်း ကူညီသွားမယ်လို့ သူက ပြောခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ ဒီမိုကရေစီစနစ် ဆက်တည်ရှိနေဦးမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဘင်္ဂလားဒေ့ရှ် ခရစ်ကတ်အသင်းအတွက် အခြေခံအဆောက်အဦနဲ့ လေ့ကျင့်ရေးဆိုင်ရာ ကိစ္စတွေမှာ ဩစတြေးလျရဲ့ အကူအညီကို လိုလားမှုရှိမရှိ မေးမြန်းခဲ့ပါတယ်။

အဲဒီတွေ့ဆုံပွဲကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရကိုယ်စားလှယ်တော်ကြီးနဲ့ ဝန်ကြီးချုပ်ရဲ့ အတွင်းရေးမှူးချုပ်တို့လည်း တက်ရောက်ခဲ့ကြတယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရပိုင် BSS သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။

Source: BSS

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013