DVB Logo
Home
မြန်မာသတင်း
ဆန်၊ ပဲ၊ ပြောင်း ပို့ကုန်ရငွေ၏ ၇၀ ရာခိုင်နှုန်းကို စက်သုံးဆီ တင်သွင်းခွင့်ပြု
DVB
·
December 25, 2023
ဆန်၊ ပဲ၊ ပြောင်း ပို့ကုန်ရငွေ၏ ၇၀ ရာခိုင်နှုန်းကို စက်သုံးဆီ တင်သွင်းခွင့်ပြု
Donate to DVB

ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံနဲ့ ပြောင်းတင်ပို့လို့ရရှိတဲ့ ပို့ကုန်ရငွေအနက် ၇၀ ရာခိုင်နှုန်းကို စက်သုံးဆီတင်သွင်းရာမှာ သုံးနိုင်တယ်လို့ စစ်ကောင်စီက ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။

သတ်မှတ်ရက်အတွင်း ဝင်ရောက်လာတဲ့ ပို့ကုန်ရငွေရဲ့ ၃၀ ရာခိုင်နှုန်းအနက်က ၃၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်ရည်ညွှန်းငွေလဲနှုန်းဖြစ်တဲ့ တဒေါ်လာ ၂,၁၀၀ နှုန်းနဲ့ AD လိုင်စင်ရဘဏ်တွေက တရက်အတွင်း လဲလှယ်မှာဖြစ်ပြီး ကျန် ၆၅ ရာခိုင်နှုန်းကို စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ရဲ့ Online Trading ပလက်ဖောင်းမှာ ဈေးကွက်ပေါက်ဈေးနဲ့ AD ဘဏ်တွေကို ရောင်းချရမယ်လို့ သိရပါတယ်။

ကျန်ရှိနေတဲ့ ပို့ကုန်ရငွေ ၇၀ ရာခိုင်နှုန်းကို စက်သုံးဆီ တင်သွင်းခြင်းအတွက် ပြည်ပကို ပေးချေနိုင်ဖို့ သက်ဆိုင်ရာကုမ္ပဏီရဲ့ နိုင်ငံခြားငွေစာရင်းမှာ ထည့်သွင်းထားပေးမယ်လို့ ဆိုပါတယ်။

ပို့ကုန်ကုမ္ပဏီအနေနဲ့ စက်သုံးဆီကို ကိုယ်တိုင်တင်သွင်းမယ်ဆိုရင် အဆိုပါ ၇၀ ရာခိုင်နှုန်းကို အသုံးပြုပေးချေနိုင်ပြီး တခြားစက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီကို ရောင်းချမယ်ဆိုရင်တော့ ဗဟိုဘဏ်ရဲ့ Online Trading ပလက်ဖောင်းမှာ တင်ပြပြီး အရောင်းအဝယ်ပြုလုပ်ရမယ်လို့ သိရပါတယ်။

စက်သုံးဆီတင်သွင်းမယ့် ကုမ္ပဏီက လိုင်စင်လျှောက်ထားရာမှာ စက်သုံးဆီဝယ်မယ့် ငွေဟာ ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ ပြောင်း တင်ပို့ရာက ရရှိထားတဲ့ငွေဖြစ်ကြောင်း ဒါမှမဟုတ် အဲဒီတင်ပို့တဲ့ ကုမ္ပဏီကနေ ပြန်လည်ဝယ်ယူထားတာဖြစ်ကြောင်း လိုင်စင်ရဘဏ်က ထုတ်ပေးတဲ့ Credit Advice နဲ့ Bank Statement တို့ကို တင်ပြရမယ်လို့လည်း သိရပါတယ်။

အလားတူ စစ်ကောင်စီက ရာဘာပို့ကုန်ရငွေနဲ့ လုပ်ငန်းသုံးအတွက် လိုအပ်တဲ့ ဓာတ်မြေဩဇာကိုလည်း တင်သွင်းခွင့်ပြုထားတယ်လို့ လုပ်ငန်းရှင်တွေထံက သိရပါတယ်။

အခုလို ပို့ကုန်ရငွေနဲ့ ပြည်တွင်းစျေးကွက် လိုအပ်ချက်ရှိတဲ့ ဓာတ်မြေဩဇာ၊ စက်သုံးဆီတို့လို အဓိကကုန်စည်တွေ တင်သွင်းခွင့်ပြုခြင်းအားဖြင့် ပို့ကုန်တင်ပို့သူတွေ အကျိုးအမြတ် ရရှိသလို ကုန်စည်စီးဆင်းလည်ပတ်မှု မြန်ဆန်ပြီး ပို့ကုန်တင်ပို့မှုတွေ တိုးတက်လာနိုင်တယ်လို့ စစ်ကောင်စီဘက်ကတော့ မျှော်မှန်းထားပါတယ်။

Photo- Credit-

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013