DVB Logo
Home
နိုင်ငံတကာ
ရုရှားအပေါ် အောင်ပွဲခံနိုင်မည်ဟု ယူကရိန်းသမ္မတ ခရစ္စမတ် သတင်းစကားပါး
DVB
·
December 25, 2023
ရုရှားအပေါ် အောင်ပွဲခံနိုင်မည်ဟု ယူကရိန်းသမ္မတ ခရစ္စမတ် သတင်းစကားပါး
Donate to DVB

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ရုရှားနိုင်ငံအပေါ် နောက်ဆုံးမှာ အောင်ပွဲခံနိုင်ရေး အာမခံချက်ပေးရင်း သူ့နိုင်ငံအတွက် ခရစ္စမတ်သဝဏ်လွှာ ထုတ်ပြန်လိုက်ပါတယ်။

ဒီဇင်ဘာ ၂၄ ရက်ကထုတ်ပြန်တဲ့ သဝဏ်လွှာထဲမှာ ဇလန်းစကီးက ကိယက်ဗ်မြို့တော်မှာ ကျော်ကြားတဲ့ ပါချက်စကာ လာဗရာ ဘုန်းတော်ကြီးကျောင်းရှေ့မှာ ရပ်ရင်း ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလမှာ အိမ်နီးချင်း ရုရှားက ကျူးကျော်လာတဲ့စစ်ပွဲ အဆုံးသတ်ရေး ဆုတောင်းစကား ပြောနေပါတယ်။

“တဆင့်ပြီးတဆင့် တနေ့ပြီးတနေ့ နောက်ဆုံးတော့ အမှောင်က ပျောက်သွားမယ်။ မကောင်းမှုလည်း ပျောက်သွားမှာပါ” လို့ သူကပြောပါတယ်။

ဇလန်းစကီးက “ရုရှားယဉ်ကျေးမှုနဲ့ ဘာသာရေး အမွေအနှစ်တွေကို စွန့်ပယ်မယ့်” လွှတ်တော် ဥပဒေကြမ်းကို အတည်ပြုပြီးတဲ့နောက် ရုရှားရိုးရာဓလေ့တွေကနေ ခွဲထွက်ဖို့ တရားဝင်ခရစ္စမတ်နေ့ အားလပ်ရက်ကို ဇန်နဝါရီလ ၇ ရက်ကနေ ဒီဇင်ဘာ ၂၅ ရက်အဖြစ် ပြောင်းလဲခဲ့တာပါ။

ဒါကြောင့် ဒီနှစ်ကစပြီး ဒီဇင်ဘာ ၂၅ ရက်မှာ ကျင်းပတဲ့ ပထမဆုံးသော ခရစ္စမတ်နေ့ကို ယူကရိန်းမှာ ကျင်းပမှာဖြစ်ပါတယ်။

ယူကရိန်းအရှေ့ပိုင်း ကူပျန့်စ်ခ်မြို့နားမှာ တပ်စွဲထားတဲ့ ယူကရိန်းစစ်သားတွေဟာ ခရစ္စမတ်အကြို ဒီဇင်ဘာ ၂၄ ရက်မှာ စစ်ဘက်ဆိုင်ရာ သင်းအုပ်ဆရာဆီ လာရောက်လည်ပတ်ခဲ့ပါတယ်။

ဘုန်းတော်ကြီး ယော်ဘီယံ ဦးဆောင်ပြီး တပ်မဟာ ၁၄ က စစ်သားတွေဟာ ခရစ္စမတ်အကြို ညစာကို အတူတကွ မျှဝေခဲ့ကြပါတယ်။

ယူကရိန်းနိုင်ငံက ခရစ္စမတ်ကာလအတွက် ချိုမြိန်တဲ့ ကောက်နှံဟင်းလျာ ခူကျာလို ရိုးရာအစားအစာတွေ စားပွဲပေါ်မှာ ရှိနေခဲ့ပါတယ်။

အရင်က ယူကရိန်းခရစ်ယာန်တွေဟာ ဇန်နဝါရီလ အစောပိုင်းမှာ ခရစ္စမတ်ပွဲတော်ကို အများအားဖြင့် ကျင်းပကြပါတယ်။

ယူကရိန်းရဲ့ အဓိက အော်သိုဒေါ့စ်ခ် ဘုရားကျောင်းဟာ ရုရှားနဲ့ သဘောထားကွဲသွားပြီး အနောက်ဥရောပဘက် မျက်နှာလှည့်သွားလို့ အခုနှစ် အားလပ်ရက်ကို ဒီဇင်ဘာ ၂၅ ရက်မှာ  ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။

ယူကရိန်းလွှတ်တော်ကလည်း အခုနှစ်အစောပိုင်းမှာ ခရစ္စမတ်ကို ဒီဇင်ဘာ ၂၅ ရက်အဖြစ် ကူးပြောင်းတဲ့ ဥပဒေကို အတည်ပြုခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013