DVB Logo
Home
နိုင်ငံတကာ
အီရန်က ခရုဇ်ဒုံးကျည်အသစ်များ ထုတ်ပြ
DVB
·
December 25, 2023
အီရန်က ခရုဇ်ဒုံးကျည်အသစ်များ ထုတ်ပြ
Donate to DVB

အိန္ဒိယသမုဒ္ဒရာထဲက ဓာတုပစ္စည်းတင် ကုန်သင်္ဘောတစီးကို မောင်းသူမဲ့လေယာဉ်နဲ့ အီရန်က တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်က စွပ်စွဲထားတာကြောင့် အီရန်ရေတပ်က ခရုဇ်ဒုံးကျည်အသစ်တွေကို ဒီဇင်ဘာ ၂၄ ရက်မှာ မီဒီယာကို ပြသခဲ့ပါတယ်။

ကင်းထောက်ရဟတ်ယာဉ်တွေ၊ မောင်းသူမဲ့လေယာဉ်တွေနဲ့ အကွာအဝေး ၆၂၁ မိုင်ထိ ပစ်လွှတ်နိုင်တဲ့ ရေတပ်သုံး ခရုဇ်ဒုံးကျည်တွေဟာ ရေတပ်ရဲ့ လက်နက်တိုက်ထဲ ထည့်သွင်းတဲ့ လက်နက်အသစ်တွေထဲမှာ ပါတယ်လို့ အီရန်ရေတပ်အကြီးအကဲ ရှာဟရန် အီရာနီက ပြောပါတယ်။

အီရန်ဟာ သူ့ရဲ့စွမ်းဆောင်ရည်ကို တခါတရံ ချဲ့ကားပြောဆိုပေမဲ့ အီရန်လုပ် ဒုံးကျည်တွေနဲ့ ဒရုန်းတွေဟာ အီရန်အစိုးရရဲ့ စစ်ဘက်ဆိုင်ရာ စက်ပစ္စည်းတွေထဲမှာ အဓိက အစိတ်အပိုင်းတခု ဖြစ်တယ်လို့ အနောက်နိုင်ငံ စစ်ဘက်ဆိုင်ရာ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။

အီရန်နိုင်ငံက လွှတ်တင်လိုက်တဲ့ ဒရုန်းတစင်းဟာ အိန္ဒိယသမုဒ္ဒရာအတွင်း လိုင်ဘေးရီးယားအလံ လွှင့်ထားတဲ့ ဓာတုပစ္စည်းတင် ကုန်သင်္ဘောတစီးကို တိုက်မိခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေးဌာနက အောက်တိုဘာ ၂၃ ရက်မှာ ပြောပါတယ်။

ဒီဖြစ်ရပ်ဟာ အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တို့ရဲ့ အစ္စရေးအပေါ် တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ ဂါဇာမှာ အစ္စရေးက စစ်ဆင်နွှဲနေချိန် ပင်လယ်ရေကြောင်း လမ်းတွေပေါ်မှာ ဘေးအန္တရာယ်အသစ်ဖြစ်လာပြီး ဒေသတွင်း တင်းမာမှုတွေ မြင့်လာတာကို ထင်သာစေတယ်လို့ ရိုက်တာသတင်းဌာနက သုံးသပ် တင်ပြပါတယ်။

ယီမင်နိုင်ငံအခြေစိုက် အီရန်ရဲ့ မဟာမိတ် ဟူသီ လှုပ်ရှားမှုအဖွဲ့က ပင်လယ်နီထဲမှာ စီးပွားဖြစ်သင်္ဘောတွေကို တိုက်ခိုက်ဖို့ စီစဉ်ရာမှာ အီရန်အစိုးရလည်း ပါဝင်ပတ်သက်နေတယ်လို့ အမေရိကန်က စွပ်စွဲထားပြီး အီရန်အစိုးရက စွဲချက်ကို ငြင်းဆိုထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013