DVB Logo
Home
နိုင်ငံတကာ
ဟေတီဒုက္ခသည်မိသားစုများအကြား ခရစ္စမတ်စိတ်ဓာတ် ခေါင်းပါးလာ
DVB
·
December 25, 2023
ဟေတီဒုက္ခသည်မိသားစုများအကြား ခရစ္စမတ်စိတ်ဓာတ် ခေါင်းပါးလာ
Donate to DVB

ဟေတီနိုင်ငံရဲ့မြို့တော် ပို့ထ်အောပရင့်စ်ရှိ ခိုလှုံရေးစခန်းမှာ လာနေရပြီး အုပ်စုဖွဲ့ အကြမ်းဖက်မှုတွေကြောင့် အိုးအိမ်မဲ့ဖြစ်ခဲ့ရတဲ့ မိသားစုတွေကြားမှာ ခရစ္စမတ်စိတ်ဓာတ် ခေါင်းပါးလာနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

ဟေတီမြို့တော်ရဲ့ နယ်မြေအများစုကို ထိန်းချုပ်ထားတဲ့ အင်အားကြီးပြီး လက်နက် အကြီးအကျယ် ကိုင်စွဲထားတဲ့ ဂိုဏ်းတွေကြားက စစ်ပွဲတွေကြောင့် လူပေါင်း ၂ သိန်းနီးပါး အတင်းအဓမ္မ အိုးအိမ်စွန့်ခွာ ထွက်ပြေးခိုင်းတာ ခံခဲ့ရပါတယ်။

နေအိမ်အများအပြား မီးရှို့ဖျက်ဆီးခံရခြင်း၊ မတရားသတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲတာနဲ့ အုပ်စုလိုက် အဓမ္မပြုကျင့်တာတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။

ဆိုးရွားတဲ့ ရာသီဥတုအခြေအနေတွေနဲ့ ဆင်းရဲမွဲတေမှုဒဏ်ကို မခံနိုင်တော့တဲ့ မိသားစုတွေဟာ သားသမီးတွေကို လက်ဆောင်တွေ မပေးနိုင်တာထက် ပိုတဲ့ ပူပန်သောကတွေ ရှိနေကြပြီး သူတို့ရဲ့အခက်အခဲအတွက် အစိုးရကို ဝေဖန် အပြစ်တင်ကြပါတယ်။

အောက်တိုဘာလမှာ ကုလသမဂ္ဂက ဟေတီရဲတပ်ဖွဲ့ကို ပံ့ပိုးကူညီဖို့ အဖွဲ့ဝင်နိုင်ငံတွေက စေတနာ့ဝန်ထမ်း နိုင်ငံတကာတပ်ဖွဲ့ဝင်တွေကို ဟေတီနိုင်ငံဆီ စေလွှတ်ဖို့ အတည်ပြုခဲ့ပါတယ်။

တချိန်တည်းမှာ ကုလသမဂ္ဂနဲ့ အကူအညီပေးရေးအေဂျင်စီ အများအပြားဟာ ပိုမိုဆိုးရွားလာတဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးတခု ဖြစ်လာနေပြီလို့လည်း သတိပေးထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013