ရုရှားနိုင်ငံတောင်ပိုင်း ခရပ်စ်နိုဒါဒေသ၊ အက်စ်လာဗျင့်စ်ခ်မြို့က ရေနံဂိုဒေါင်တခုကို ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ မီးလောင်ခဲ့တယ်လို့ ဒေသခံအာဏာပိုင်တွေက ဇွန် ၆ ရက်မှာ ပြောပါတယ်။
ကနဦးသတင်း အချက်အလက်တွေအရ ထိခိုက်ဒဏ်ရာရသူမရှိဘဲ အနီးအနားက အိမ်တွေက လူ ၆၀ လောက်ကို ဘေးကင်းတဲ့ အကွာအဝေးဆီ ရွှေ့ပြောင်းပေးခဲ့ပြီး အဆောက်အအုံတွေရဲ့ ပြတင်းပေါက်တွေ ပျက်စီးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဇွန် ၆ ရက်မှာ ဒရုန်းတိုက်ခိုက်မှုကြောင့် ရေနံဂိုဒေါင်မှာ မီးလောင်ခဲ့တယ်လို့လည်း ခရပ်စ်နိုဒါ ဒေသအာဏာပိုင်တွေက ပြောပါတယ်။
ယူကရိန်းဒရုန်းတွေက ရုရှားတောင်ပိုင်း ခရပ်စ်နိုဒါ ဒေသက ရေနံ ဂိုဒေါင်တခုနဲ့ ရုရှားမြောက်ပိုင်း စိန့်ပီတာစဘတ်မြို့နားက စစ်စခန်းတခုကို ညလုံးပေါက် တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးကလည်း ပြောပါတယ်။
ရုရှားက စစ်ပွဲကို အဆုံးသတ်ပြီး အသက်အန္တရာယ်ရှိအောင် တိုက်ခိုက်တာတွေကို ရပ်တန့်ရမယ်၊ ယူကရိန်းအပေါ် မတရားမှုတစုံတရာ ပေါ်လွင်လာရင် တရားမျှတမှုရှိရှိ တုံ့ပြန်တာခံရမယ်လို့ ဇလန်းစကီးက X လူမှုကွန်ရက်ပေါ်ကနေ ပြောပါတယ်။
Source: Reuters










