DVB Logo
Home
Lead Story
ရန်ကုန်မှာလည်း ရိုးစ်လက်အရောင်းဆိုင် ရှိပြီ
DVB
·
August 22, 2014
ရန်ကုန်မှာလည်း ရိုးစ်လက်အရောင်းဆိုင် ရှိပြီ
Donate to DVB

The Rolex logo is seen outside of a shop in Warsawမြန်မာနိုင်ငံမှာ ကမ္ဘာကျော် ရိုးစ်လက် (Rolex) နာရီတွေကို ရွေးချယ်ဝယ်ယူနိုင်ပြီလို့ ရိုးစ်လက်ရဲ့ ဟောင်ကောင်ဌာနကနေ ကိုယ်စားလှယ်ရယူ ရောင်းချနေတဲ့ တင်စိန် နာရီအရောင်းပြခန်း တာဝန်ရှိသူတဦး ဒီဗွီဘီကို ပြောပါတယ်။

ဗဟန်းမြို့နယ် ဦးချစ်မောင်လမ်း တိုက်နံပါတ် ၈၉ မှာ ဖွင့်လှစ်ထားတဲ့ နာရီအရောင်းပြခန်းမှာ ရိုးစ်လက်နာရီ အမျိုးအစားမျိုးစုံကို ခင်းကျင်းပြသထားတယ်လို့ သူက ရှင်းပြပါတယ်။

ပြခန်းမှာ ဒေါ်လာ ၄ ထောင်တန်ကနေ သောင်းနဲ့ချီတန်တဲ့ ရိုးစ်လက်နာရီတွေကို ပြသ ထားပြီး မြန်မာပြည်က လူချမ်းသာအသိုင်းအ၀ိုင်းက လာရောက်ကြည့်ရှုဝယ်ယူကြတယ်လို့ ဆိုပါတယ်။

ရိုးစ်လက်နာရီဟာ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမှာ အခြေစိုက်ပြီး ကမ္ဘာကျော် ဖော်ဘစ်(Forbes)မဂ္ဂဇင်းကြီးရဲ့ ကမ္ဘာ့ သြဇာအရှိဆုံး ကုမ္ပဏီတွေထဲက တခုအဖြစ် ဖော်ပြခံရတဲ့ ကုမ္ပဏီ တခု ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013