DVB Logo
Home
နိုင်ငံတကာ
နယူးဒေလီတွင် အဆိပ်သင့်မြူခိုးများ ဖုံးလွှမ်းနေ
DVB
·
December 24, 2023
နယူးဒေလီတွင် အဆိပ်သင့်မြူခိုးများ ဖုံးလွှမ်းနေ
Donate to DVB

အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီမှာ ဒီဇင်ဘာ ၂၄ ရက်က အဆိပ်သင့် မြူခိုးတွေဝေနေပြီး ဒရုန်းနဲ့ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေထဲမှာ မြူခိုးတွေ ထူထူထပ်ထပ် ဖုံးလွှမ်းနေတဲ့ ယမုံနာမြစ်ရဲ့ အစိတ်အပိုင်းတွေနဲ့ မီးခိုးတွေထူနေတဲ့ လမ်းတွေပေါ်မှာ သွားလာနေတဲ့ ကားတွေကို ရိုက်တာက ဖော်ပြထားပါတယ်။ 

နယူးဒေလီ မြို့တော်ဟာ ဂရင်းနစ် စံတော်ချိန် မနက် ၇ နာရီခွဲမှာ လေထုအရည်အသွေး ညွှန်းကိန်း (AQI) ကိန်းဂဏန်း ၃၂၉ နဲ့ ကမ္ဘာပေါ်မှာ ဒုတိယလေထု အညစ်ညမ်းဆုံးမြို့အဖြစ် IQAir က အဆင့်သတ်မှတ်ခံထားရပါတယ်။

မော်တော်ယာဥ်တွေ၊ စက်မှုလုပ်ငန်းတွေ၊ ဆောက်လုပ်ရေး ဖုန်မှုန့်တွေနဲ့ စိုက်ပျိုးရေး အမှိုက်တွေကို မီးရှို့ဖျက်ဆီးခြင်း အပါအဝင် အရင်းအမြစ်တွေက ညစ်ညမ်းလေထုတွေဟာ ဆောင်းရာသီမှာ တိုက်ခတ်တဲ့ လေအေးတွေထဲမှာ ပိတ်မိနေလို့ နယူးဒေလီမြို့တော်မှာ လေထုအရည်အသွေး ဆိုးရွားနေလေ့ ရှိပါတယ်။ 

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013