DVB Logo
Home
နိုင်ငံတကာ
ဂမ်ဘီယာနှင့် ဥဇဘက်ကစ္စတန်တွင် ညစ်ညမ်းဆေးရည်များကြောင့် ကလေးငယ် ရာနှင့်ချီ အဆိပ်သင့် သေဆုံး
DVB
·
December 23, 2023
ဂမ်ဘီယာနှင့် ဥဇဘက်ကစ္စတန်တွင် ညစ်ညမ်းဆေးရည်များကြောင့် ကလေးငယ် ရာနှင့်ချီ အဆိပ်သင့် သေဆုံး
Donate to DVB

ဂမ်ဘီယာနိုင်ငံကနေ ဥဇဘက်ကစ္စတန်နိုင်ငံအထိ ရာချီတဲ့ ကလေးတွေဟာ ညစ်ညမ်းဆေးရည်တွေကြောင့် ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အဆိပ်သင့်ခဲ့ကြတာကို နိုင်ငံ အာဏာပိုင်တွေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO တို့က တွေ့ရှိခဲ့ကြပါတယ်။ 

ဆေးအဆိပ်သင့်မှုကြောင့် အနည်းဆုံး နိုင်ငံ ၄ နိုင်ငံမှာ ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ၊ တရားစွဲမှုတွေ၊ စည်းမျဥ်းစည်းကမ်း စိစစ်မှု မြင့်တက်လာတာတွေ ကလေး သေဆုံးမှုနဲ့ မသန်စွမ်းမှုတွေ ဖြစ်ခဲ့ပါတယ်။ 

အခုလထဲမှာတော့ ဒေသအသစ်တွေမှာ အဆိပ်သင့်ဆေးရည်တွေကို ထပ်တွေ့ခဲ့ပြီး နှစ်ပေါင်းများစွာ ဆက်ရှာလို့ တွေ့လောက်တယ်လို့ WHO က ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ကလေး ၂၀၀ ကျော်ဟာ ဆေးအဆိပ်ကြောင့် ကျောက်ကပ်ဒဏ်ရာနဲ့ သေဆုံးခဲ့တာပါ။ ကလေး ၁၂၂ ဦး အသက်ရှင်ခဲ့ပြီး အင်ဒိုနီးရှားဟာ အသက်ရှင်ကျန်ရစ်သူ အများဆုံးနိုင်ငံ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီး ဘူဒီ ဂူနာဒီ ဆာဒီခင်က ပြောပါတယ်။

ကလေးအများစုက ဝေဒနာ သက်သာပျောက်ကင်းသွားပြီဖြစ်ပေမယ့် ၆ ဦးက ဆေးကုသမှု ခံယူနေရဆဲလို့ ဝန်ကြီးဌာနက ပြောပါတယ်။ တချို့ ကလေးတွေကတော့ မသန်စွမ်းသူ ဖြစ်သွားခဲ့ကြတာပါ။ 

အင်ဒိုနီးရှား ဆေးဝါး ထုတ်လုပ်သူ ၃ ဦးက ထုတ်လုပ်တဲ့ ဆေးရည်တွေထဲမှာ အဆိပ်တွေ ပါခဲ့တယ်လို့ အမျိုးသားစည်းကမ်းထိန်းသိမ်း ရေးအဖွဲ့နဲ့ WHO တို့က ပြောပါတယ်။

ဒီအတွက် အာဖီ ဖှာမာဟာ ကုန်ကြမ်းတင်သွင်းသူ ၂ ဦးဖြစ်တဲ့ CV ဆာမူဒေရာ ကယ်မစ်ကယ်နဲ့ CV အာနုဂရာ ပါဒါနာ ဂမီလန် တို့နဲ့အတူ တရားစွဲခံရပါတယ်။

နိုဝင်ဘာလက အာဖီဖှာမာ လုပ်ငန်းက အမှုဆောင်အရာရှိချုပ် အပါအဝင် အရာရှိ ၄ ဦးနဲ့ ကုန်ကြမ်းတင်သွင်းသူ ၂ ဦး၊ အရာရှိ ၂ ဦးတို့ဟာ ဆေးဝါးထုတ်လုပ်မှု ဥပဒေတွေကို ချိုးဖောက်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ 

အာဖီ ဖှာမာက အမှုဆောင်တွေကို ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့ပြီး ကျန်တဲ့ ၄ ယောက်ကို ၁၀ နှစ်စီ ထောင်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။ အာဖီဖှာမာက ထုတ်တဲ့ ဆေးရည်ထဲမှာ အီသလင်း ဂလိုင်ဂေါ EG က ပြင်းအား ၉၉ ရာခိုင်နှုန်း ပါနေပြီး နိုင်ငံတကာ စံနှုန်းအရ တရားဝင်အခြေခံ ပါဝင်ပစ္စည်းဖြစ်တဲ့ ပရိုပစ်လင်း ဂလိုင်ဂေါထဲမှာ EG ပါဝင်နှုန်း ၀.၁ ရာခိုင်နှုန်း ပါမှသာ ဘေးကင်းတယ်လို့ ဆိုပါတယ်။

အာဖှီဖှာမာ အပါအဝင် ကုမ္ပဏီ ၄ ခုက ထုတ်တဲ့ ထုတ်ကုန် ၈ မှာ EG ဒါမှမဟုတ် ဆက်စပ် အဆိပ်အတောက်တွေ ဖြစ်တဲ့ ဒိုင် အီသလင်း ဂလိုင်ဂေါ (DEG) တွေ ပါနေတယ်လို့ WHO က သတိပေးခဲ့ပါတယ်။ 

အာဖီဖှာမာကုမ္ပဏီ အမှုဆောင်တွေကတော့ သေစေတတ်တဲ့ ပါဝင်ပစ္စည်းတွေပါတဲ့ မူးယစ်ဆေးဝါးတွေကို ရည်ရွယ်ချက်ရှိရှိ ပေးဝေနေတယ်ဆိုတဲ့ စွဲချက်ကို ငြင်းဆိုထားပြီး အယူခံဝင်ခဲ့တယ်လို့ သူတို့ ရှေ့နေတွေက ပြောပါတယ်။  ကုန်ကြမ်းပေးသွင်းသူ ၂ ဦးကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်တွေကို မတုံ့ပြန်ပါဘူး။ 

အင်ဒိုနီးရှားရဲ့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးမှူး ဘာဒန် POM က သွင်းကုန် စည်းမျဉ်းတွေကို တင်းကျပ်ပြီး စစ်ဆေးတာတွေကို ၂၀ ရာခိုင်နှုန်း တိုးမြှင့်လိုက်တယ်လို့ မေလက ရိုက်တာသတင်းဌာနကို ပြောခဲ့ဖူးပါတယ်။

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုရဲ့ ရုံးက မေးခွန်းတွေကို မဖြေကြားခဲ့ပါဘူး။ သေဆုံးသွားတဲ့ ကလေးတွေရဲ့ မိသားစုတွေကို နစ်နာကြေး ရူပီယာ သန်း ၅၀ (အမေရိကန် ဒေါ်လာ ၃၂၀၀) နဲ့ အသက်ရှင် ကျန်ရစ်သူ မိသားစုတွေကိုတော့ ရူပီယာ သန်း ၆၀ (အမေရိကန် ဒေါ်လာ ၃၉၀၀) ပေးမယ်လို့ အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီးဌာနက အခုနှစ် နိုဝင်ဘာလမှာ ပြောခဲ့ပါတယ်. 

Source/Photo-REUTERS/Willy Kurniawan

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013