DVB Logo
Home
Lead Story
အီဘိုလာသံသယရှိသူ အခြေအနေကောင်းပါတယ် - ဒေါက်တာ တိုးသီရိအောင်
DVB
·
August 22, 2014
အီဘိုလာသံသယရှိသူ အခြေအနေကောင်းပါတယ် - ဒေါက်တာ တိုးသီရိအောင်
Donate to DVB

Myanmar CDC Ebolaအီဘိုလာဗိုင်းရပ်ရောဂါ သံသယနဲ့စောင့်ကြည့်ထားသူဟာ အဖျားပြန်ကျသွားပြီး အခြေအနေကောင်းမွန်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး ဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ တိုးသိရီအောင်က ပြောပါတယ်။

အီဘိုလာဗိုင်းရပ်ရောဂါဟာ အာဖရိကနိုင်ငံတချို့မှာ ဖြစ်ပွားပြီး လူပေါင်း ၁၀၀၀ ကျော် သေဆုံးခဲ့ရတဲ့ ကူးစက်မြန်ရောဂါဖြစ်ပြီး ကုလသမဂ္ဂက သတိပေးနှိုးဆော်ချက် ထုတ်ပြန်ထားပါတယ်။ အာဖရိကတိုက်ဘက်ကနေ ပြန်လာတဲ့ မြန်မာသင်္ဘောသား တဦးကို သံသယနဲ့ စောင့်ကြည့်ဆေးစစ်ပြီး ဓာတ်ခွဲခန်းအဖြေ စောင့်နေပါတယ်။

အီဘိုလာနဲ့ ပတ်သက်လို့ သံသယရှိသူတွေရဲ့ ဒီကနေ့ နောက်ဆုံးအခြေအနေက ဘယ်လိုရှိပါသလဲ။

“ကျမတို့က အီဘိုလာဆိုပြီး စောင့်ကြည့်နေတဲ့ ကိုဇင်မင်းဦးက ဒီကနေ့အခြေအနေက ကောင်းမွန်ပါတယ်။ အဖျားကလည်း ပုံမှန်ကိုရောက်သွားပြီးတော့ နေကောင်းတယ်၊ လမ်းလည်းလျှောက်နိုင်တယ်။ ကျန်တဲ့ အီဘိုလာလက္ခဏာတွေဖြစ်တဲ့ သွေးယိုစီးတဲ့ လက္ခဏာတွေလည်း ဘာမှ ဖြစ်ပွားခြင်းမရှိပါဘူး။”

အီဘိုလာနဲ့ပတ်သက်ပြီးတော့ ကျန်တဲ့ ၄ ယောက်ရဲ့ အခြေအနေကရောခင်ဗျ။

“၄ ယောက်ရဲ့ အခြေအနေက လူနာစလာတုန်းက သူတို့က အနီးကပ် လူနာကို လမ်းမှာ နေထိုင်မကောင်းတဲ့အချိန်မှာ ပြုစုခဲ့တာကြောင့်မို့လို့ ကျမတို့က ကူးစက်မှု ဖြစ်ခဲ့ရင်ပေါ့နော်၊ ကူးစက်မှာစိုးလို့ စောင့်ကြည့်ထားတာဖြစ်ပါတယ်။ နဂိုကတည်းက သူတို့က နေကောင်းပါတယ်။ ကျမတို့စောင့်ကြည့်နေတဲ့ တောက်လျှောက်မှာလည်း သူတို့မှာ ကျန်းမာရေပြဿ     နာ တစုံတရာ ဘာမှ မရှိပါဘူး။ စမ်းသပ်စစ်ဆေးချက်အရလည်း ဘာလက္ခဏာ တခုမှ၊ အဓိကကတော့ ဖျားတာကို စကြည့်တာပေါ့နော်၊ ဖျားတာလည်း မရှိပါဘူး။”

စစ်ဆေးတွေ့ရှိချက်တွေကို အိန္ဒိယ ဓာတ်ခွဲခန်းကို ပို့ထားတာ အဖြေကို ဘယ်တော့ ယတိပြတ် သိရမလဲ။

“အဲဒါကတော့ မနေ့က ကျမတို့ ထုတ်ပြန်ခဲ့တဲ့ သတင်းလိုပါပဲ။ ကျမတို့က ခွင့်ပြုချက်တွေအဆင့်ဆင့် စောင့်ဆိုင်းနေဆဲရှိပါသေးတယ်။”

အီဘိုလာနဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံအုပ်ချုပ်ရေးပိုင်းက စီစဉ်ဆောင်ရွက်နေမှုတွေကို ပြောပြပါ။

“ကျမတို့ ကျန်းမာရေးဦးစီးဌာနကတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စီစဉ်ဆောင်ရွက်မှုတွေနဲ့ ကော်မတီတွေဖွဲ့ပြီးတော့ ဆောင်ရွက်နေပါတယ်။ မနေ့ကဆိုရင် ကော်မတီလုပ်ငန်း အစည်းအဝေးတွေ လုပ်နေပါတယ်ရှင့်။”

အီဘိုလာဗိုင်းရပ်စ် နယ်စပ်တကြောကလည်း မ၀င်ရလေအောင်၊ ရေဆိပ်တွေ၊ လေဆိပ်တွေက မ၀င်အောင် လွှမ်းခြုံမှုရှိအောင် ဘယ်လိုပြင်ဆင်ထားလဲ။

“အခုကတော့ အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့  Infrared Thermometer   (အင်ဖာရက်သာမိုမီတာတွေ) နဲ့ စောင့်ကြပ်ကြည့်ရှုနေတယ်။ နယ်စပ်တွေမှာကတော့ အဖျားရောဂါ စောင့်ကြပ်ကြည့်ရှုတဲ့ဟာတွေကို ဆောင်ရွက်နေပြီ။ ညှိနှိုင်းပြီးဆောင်ရွက်နေတယ်။”

အီဘိုလာက ကမ္ဘာတ၀န်း ကြောက်လန့်နေကြတဲ့ ရောဂါဆိုတော့ ကျန်းမာရေးတာဝန်ရှိသူတွေအနေနဲ့ ဒီကနေတဆင့် မြန်မာပြည်သူတွေကို သိသင့်သိထိုက်တာတွေ ပြောပြပါ။

“အီဘိုလာဗိုင်းရပ်စ်ရောဂါက ရောဂါရှိတဲ့ လူနဲ့ တိရစ္ဆာန်ရဲ့ တံတွေး၊ သွေးနဲ့ ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေကို ထိတွေ့မိလို့ရှိရင် ကူးစက်နိုင်ပါတယ်။ ဒီခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေ   ထိထားတဲ့ အရာဝတ္ထုတွေကို ထိတွေ့ကိုင်တွယ်မိရင်လည်း ကူးစက်နိုင်ပါတယ်။ ဒါကြောင့်မို့ ရောဂါကူးစက်မှုမရှိအောင်ဆိုရင် ကျမတို့ ပြည်သူတွေဟာဆိုရင် တကိုယ်ရေသန့်ရှင်းရေးနဲ့ လက်ကို ဆေးဖို့ပေါ့နော်။ လက်ကို အစားအစာ စားကာနီးမှာ ဆေးရမယ်။ ပြင်ပကို ထွက်ပြီးတော့  (ပြန်လာရင်) တတ်နိုင်သမျှပေါ့၊ လက်ကို မကြာခဏ ဆေးကြောတဲ့ အလေ့အကျင့်ရှိရမယ်။ တတ်နိုင်လို့ရှိရင် ရောဂါဖြစ်ပွားနေတဲ့ နိုင်ငံတွေကို ခရီးမသွားပါနဲ့။ တကယ်လို့ ခရီးသွားတယ်ဆိုလို့ရှိရင်လည်း အိမ်ပြန်လာလို့ရှိရင်လည်း ကိုယ့်ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်၊ ကိုယ်ကိုယ်တိုင်ပဲဖြစ်ဖြစ် အဖျားလက္ခဏာကနေ ကျန်တဲ့ အီဘိုလာသံသယလက္ခဏာတွေ ပေါ်ပေါက်လို့ရှိရင် ဒါ အမြန်ဆုံး ကျန်းမာရေးဌာနနဲ့ ဆက်သွယ်ညှိနှိုင်းပြီးတော့ ကုသမှုခံယူဖို့၊ သတင်းပို့ဖို့ ပြောကြားချင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013