DVB Logo
Home
နိုင်ငံတကာ
အယ်လ်ဂျာဇီးရား ကင်မရာသမား ပစ်ခတ်ခံရပြီး သေဆုံးမှု ဂျော်ဒန် ဂျာနယ်လစ်များ ရှုတ်ချ 
DVB
·
December 23, 2023
အယ်လ်ဂျာဇီးရား ကင်မရာသမား ပစ်ခတ်ခံရပြီး သေဆုံးမှု ဂျော်ဒန် ဂျာနယ်လစ်များ ရှုတ်ချ 
Donate to DVB

အယ်လ်ဂျာဇီးရား ကင်မရာသမား ဆမားအဘူဒက်ကာ ဂါဇာမှာ အစ္စရေးရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တာကို  ရှုတ်ချတဲ့အနေနဲ့  ဂျော်ဒန် သတင်းထောက်အများအပြားဟာ ဒီဇင်ဘာ ၂၁ ရက်က အမ်မန်မြို့တော်ရှိ အယ်လ်ဂျာဇီးရား သတင်းဌာနရဲ့ ရုံးခန်းရှေ့မှာ စုဝေး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဂျော်ဒန်ရှိ အယ်လ်ဂျာဇီးရား သတင်းထောက် တေမာအလ်ဆမာဒီက “အစ္စရေးက ဆမား အဘူဒက်ကာ တင်မကဘဲ သတင်းထောက်တွေကို သတ်ဖြတ်ခဲ့တာတွေကို မီးမောင်းထိုးပြဖို့အတွက် ပြည်တွင်း၊ အာရပ်နဲ့ နိုင်ငံတကာ မီဒီယာအဖွဲ့အစည်းတွေက ကိုယ်စားလှယ် အများအပြားနဲ့အတူ ဒီမှာ ရပ်နေကြတာပါ”လို့ ပြောပါတယ်။

ဒါပေမဲ့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ တမင်ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားမှုကြောင့် သေဆုံးခဲ့ရတဲ့ ဂါဇာကမ်းမြောင်ဒေသက သတင်းထောက် အယောက် ၉၀ ကျော် ရှိတယ်လို့လည်း ဆိုပါတယ်။ 

ကင်မရာသမား အဘူဒက်ကာဟာ သောကြာနေ့က ခန်ယိုနစ်စ်မြို့မှာ ဂါဇာကမ်းမြောင် တောင်ပိုင်းရှိ ရွှေ့ပြောင်းဒုက္ခသည်တွေအတွက်ခိုလှုံရာစခန်းအဖြစ် အသုံးပြုခဲ့တဲ့ စာသင်ကျောင်း တကျောင်းကို အစောပိုင်းက ဗုံးကြဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ကို သတင်းရယူနေတုန်း ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ သေဆုံးသွားခဲ့ရတာလို့  ကာတာအခြေစိုက် ရုပ်သံလွှင့်ဌာနက ထုတ်လွှင့်ပါတယ်။

အစ္စရေး ဒရုန်းတွေက ကျောင်းကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ရာမှာ အဘူဒက်ကာဟာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့‌တာဖြစ်ကြောင်း အလ်ဂျာဇီးရားသတင်းဌာနကလည်း ပြောပါတယ်။ 

အလ်ဂျာဇီးရားဟာ ဂါဇာမှာ သူ့ကင်မရာသမားတယောက် လုပ်ကြံသတ်ဖြတ်ခံရခြင်းလို့ ခေါ်ဝေါ်ထားတဲ့ တရားရေး အမှုတွဲဖိုင်တခုကို အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံး (ICC) ကို ပေးပို့ဖို့ ပြင်ဆင်နေကြောင်းလည်း ပြောပါတယ်။ 

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အစ္စရေးစစ်တပ်က သတင်းသမားတွေကို တမင်တကာ ပစ်မှတ်ထားခြင်း လုံးဝမရှိကြောင်း၊ ရှိမှာလည်း မဟုတ်ကြောင်း မှတ်ချက်ပေး ပြောကြားခဲ့ပါတယ်။ 

အပြန်အလှန် ပစ်ခတ်နေကြတဲ့ တိုက်ပွဲဇုန်အတွင်းမှာ ရှိနေတာကိုက နဂိုအန္တရာယ် ရှိထားပြီးသား အခြေအနေ ဖြစ်နေကြောင်းလည်း ပြောပါတယ်။ 

ဂါဇာကမ်းမြောင်ဒေသမှာ ရက်သတ္တပတ် ၁၀ ပတ်ကြာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကြောင့် သတင်းထောက်တွေနဲ့ မီဒီယာလုပ်သား အနည်းဆုံး ၆၄ ဦးနဲ့အတူ ဂျာနယ်လစ်တွေ သေဆုံးမှုနှုန်း မြင့်မားခဲ့ကြောင်း သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ CPJ က ဒီဇင်ဘာ ၁၅ ရက်မှာ ပြောပါတယ်။ 

Source/Photo-REUTERS/Bassam

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013