DVB Logo
Home
အားကစား
အက်ဖ်အေဖလားတတိယအဆင့်တွင် VAR ဒိုင် ၃ ဦးအထိ စတင်အသုံးပြုမည်
DVB
·
December 23, 2023
အက်ဖ်အေဖလားတတိယအဆင့်တွင် VAR ဒိုင် ၃ ဦးအထိ စတင်အသုံးပြုမည်
Donate to DVB

အင်္ဂလန်အက်ဖ်အေဖလား တတိယအဆင့် VAR လို့ခေါ်တဲ့ ရုပ်သံအကူအညီရယူပေးမယ့် ဒိုင်လူကြီး ၃ ဦးအထိ စတင်အသုံးပြုတော့မှာပါ။ 

ပုံမှန်အားဖြင့် ၂ ဦးပဲ အသုံးပြုရတဲ့ VAR ဒိုင်တွေရဲ့ ဆုံးဖြတ်တွေအပေါ် မေးခွန်းထုတ်မှုတွေရှိ လာချိန်မှာ ဒိုင် ၁ ဦး ထပ်တိုးပြီး ၃ ဦးအထိ အသုံးပြုဖို့ ဖြစ်လာခဲ့တာပါ။

VAR နဲ့ AVAR အပြင် Support VAR လို့ခေါ်တဲ့ SVAR ဒိုင်လူကြီးတစ်ဦး ထပ်တိုးလာတာပါ။ အဲဒီ SVAR ဒိုင်လူကြီးဟာ  ကွင်းအတွင်းက မတော်တဆဖြစ်ရပ်တွေကို စောင့်ကြည့်ပေးမှာဖြစ်ပြီး ဒိုင်လူကြီးတွေအားလုံးနဲ့ ပူးပေါင်းပြီး လုပ်ဆောင်သွားရမှာဖြစ်ကြောင်း အင်္ဂလန်အက်ဖ်အေက ထုတ်ပြန်ပါတယ်။

အဆိုပါ ဒိုင်လူကြီးတစ်ဦး ထပ်တိုးခဲ့တာဟာ ဖီဖာနဲ့ ဥရောပဘောလုံးအဖွဲ့ချုပ် လက်အောက်က ပြိုင်ပွဲတွေမှာ ပုံမှန်အသုံးပြုနေတဲ့ ပုံစံဖြစ်ကြောင်းလည်း အက်ဖ်အေက ဆိုပါတယ်။ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဖူဟမ်နဲ့ ဘန်လေပွဲကို အမျိုးသမီး ကွင်းလယ်ဒိုင်တစ်ဦးဖြစ်တဲ့ ရေဗက္ကာဝဲလ်က ပထမဆုံးအကြိမ် တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

Photo-Reuters/Lee Smith

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013