DVB Logo
Home
မြန်မာသတင်း
ပြည်တွင်း လောင်စာဆီ ရည်ညွှန်းလက်လီဈေးနှုန်းများ  ပြန်လည်မြင့်တက်လာ
DVB
·
December 22, 2023
ပြည်တွင်း လောင်စာဆီ ရည်ညွှန်းလက်လီဈေးနှုန်းများ  ပြန်လည်မြင့်တက်လာ
Donate to DVB

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ဒီကနေ့ လောင်စာဆီ တစ်လီတာ ရည်ညွှန်း လက်လီဈေးနှုန်းတွေက တစ်ရက်အတွင်းကို ကျပ် ၁၀၀ ကျော်ကနေ ၂၀၀ ကျော်ထိ ပြန်မြင့်တက်လာပါတယ်။

ဒီဇင်ဘာ ၂၂ ရက်ဒီနေ့ ကော်မတီရဲ့စျေးနှုန်း ထုတ်ပြန်ချက်အရ ၉၂ အမျိုးအစား ဓာတ်ဆီ တစ်လီတာ ရည်ညွှန်း လက်လီ စျေးနှုန်းက ကျပ် ၂၅၆၀ ကျပ်၊ ၉၅ အမျိုးအစား ဓာတ်ဆီ တစ်လီတာက ၂၆၆၀ ကျပ်ထိ မြင့်တက်ခဲ့ပြီး တစ်ရက်အတွင်း ဓာတ်ဆီ တစ်လီတာ ကို ၁၁၅ ကျပ် ထိ မြင့်တက်လာပါတယ်။

ဒီဇယ်ဈေးတွေကလည်း တစ်လီတာကို ၂၂၅ ကျပ်အထိ ဈေးအတက်ရှိခဲ့ပြီး ဒီကနေ့ ကော်မတီ သတ်မှတ်နှုန်းအရ ဒီဇယ် တစ်လီတာကို ၂၄၁၀ ကျပ်၊ ပရီမီယမ် ဒီဇယ် တစ်လီတာကို ၂၄၆၅ ကျပ်အထိ စျေးမြင့်လာပါတယ်။

ဒီဈေးနှုန်းတွေက ရန်ကုန် လက်လီဈေးကွက်အတွက် သတ်မှတ်ပေးတဲ့ စျေးနှုန်း‌တွေ ဖြစ်ပြီး နယ်မြို့တွေမှာတော့ သယ်ယူပို့ဆောင်စရိတ်ကြောင့် ဒီဈေးနှုန်းတွေထက် ပိုများပေမယ့် အချို့နယ်ဒေသတွေမှာဆီပြတ်လပ်ပြီး ဝယ်ယူရခက်နေဆဲဖြစ်တာကြောင့် မှောင်ခိုဈေးနှုန်းတွေ နဲ့ ဝယ်ယူသုံးစွဲနေကြတယ်လို့ ဒေသခံ‌တွေထံက သိရပါတယ်။

ရန်ကုန်မြို့ခံ အသေးစား စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက“ဆီစျေးတွေ ပြန်တက်လာတယ်။ အရင်က ဓာတ်ဆီ ဝယ်မရပြီး စျေးတက်တာ။ အခုက ဒီဇယ်ဖြစ်နေပြီ။ ကားတွေအတွက် အဆင်ပြေသလို ဖြစ်သွားပေမယ့် လုပ်ငန်းတွေအတွက်က မီးကမလာ ဆီက ဝယ်မရဖြစ်နေတာ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းက စတင်ပြီး ရန်ကုန်နဲ့ နယ်တစ်ချို့ဒေသက စက်သုံးဆီ အရောင်းဆိုင်အများစုမှာ လောင်စာဆီ ရှားပါးပြတ်လတ်ပြီး လိုသလောက် ဝယ်မရတဲ့ အခြေအနေ‌တွေ မကြာခဏ ဖြစ်ပေါ်ခဲ့ပါတယ်။

အခုလို စက်သုံးဆီဈေးကြီးမြင့်ပြီး ဝယ်ယူရခက်တဲ့ အခြေအနေတွေ မကြာခဏ ဖြစ်ပေါ်နေတာကြောင့် ခရီးသွားလာရေး၊ ကုန်စည်ပို့ဆောင်ရေးနဲ့ ကုန်ထုတ်လုပ်ရေးကဏ္ဍတွေမှာ အခက်အခဲတွေဖြစ်လာနေပြီး ကုန်ဈေးနှုန်းတွေ အခုထက် ပိုမြင့်တက်လာမှာကို လူထုအကြား စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

စစ်ကောင်စီဘက်ကတော့ ပြည်တွင်းသုံးစွဲဖို့ အတွက် စက်သုံးဆီ အလုံအလောက်ရှ်ိကြောင်း မကြာခဏ ထုတ်ပြန်လေ့ရှိပါတယ်။

အခုလိုပြည်တွင်း ဓာတ်ဆီဈေး အတက်ကြမ်းခဲ့ပေမယ့် စစ်ကောင်စီ စက်သုံးဆီကော်မတီက မှီးငြိမ်းတဲ့ စင်ကာပူ MOPS ဈေးနှုန်းကတော့ အကျဘက်မှာ ရှိနေပါတယ်။

စင်ကာပူနိုင်ငံရဲ့ MOPS ဈေးနှုန်းက ပြီးခဲ့တဲ့ ဒီဇင်ဘာလ၂၀ ရက်နေ့မှာ 92 Ron က တစည်ကို ၉၀ ဒသမ ၅၉ ဒေါ်လာ၊ 95 Ron က ၉၄ ဒသမ ၆၅ ဒေါ်လာ၊ 10 PPM က ၁၀၃ ဒသမ ၂၈ ဒေါ်လာ ရှိခဲ့ပြီး ဒီကနေ့ ဒီဇင်ဘာ ၂၁ရက်နေ့မှာတော့ 92 Ron တစည်ကို ၈၈ ဒသမ ၁၃ ဒေါ်လာ၊ 95 Ron က ၉၂ ဒသမ ၁၉ ဒေါ်လာ၊ 10 PPM တစည်ကို ၁၀၁ ဒသမ ၆၆ ဒေါ်လာရှိပြီး စျေးအကျဘက်မှာ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013