DVB Logo
Home
မြန်မာသတင်း
မဲဆောက်တွင် လူသတ်ငွေယူသည့် မြန်မာတပ်ပြေးတဦးကို လိုက်လံဖမ်းဆီး
DVB
·
August 22, 2014
မဲဆောက်တွင် လူသတ်ငွေယူသည့် မြန်မာတပ်ပြေးတဦးကို လိုက်လံဖမ်းဆီး
1 / 2
Donate to DVB

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့မှာ လွန်ခဲ့တဲ့ရက်ပိုင်းတွင်းက အိမ်တအိမ်မှာ မိဘတွေ မရှိခိုက် ကလေး ၂ ဦးကို ဓားနဲ့ ထိုးသတ်ခဲ့တဲ့ မြန်မာတပ်ပြေး တရားခံတဦးကို ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးနေတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

557000009920601လူသတ်မှုမှာ သံသယအရှိဆုံး ပစ်မှတ်ထားခံရသူမှာ အသက် ၂၅ နှစ်ရွယ် လှမင်းအောင် ဆိုသူဖြစ်ပြီး မြန်မာစစ်တပ်က တပ်ပြေးတဦး ဖြစ်တယ်လို့ နယ်မြေခံ ရဲတပ်ဖွဲ့က ကြေညာထားပါတယ်။

မဲဆောက်မြို့ မဟာဝမ်းကျေးရွာအုပ်စု နောင်နမ့်ချိုရွာမှာ ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်နေ့ ည ၈ နာရီခွဲလောက်က တောင်ပေါ်တိုင်းရင်းသား ညီအစ်ကို ၂ ဦး မိဘတွေ မရှိခိုက် အကြမ်းဖက် ခံရပြီး တရားခံက အိမ်မှာရှိတဲ့ ဘတ်ငွေ ၂၄၀၀၀ ယူသွားတယ်လို့ တာဝန်ရှိ ရဲဝန်ထမ်းက သတင်းထောက်တွေကို ပြောပါတယ်။

အကြမ်းဖက်ခံရသူ ညီအစ်ကို ၂ ဦးမှာ အသက် ၁၄ နှစ်ရွယ်ရှိ ဒါးဆူးက မျက်နှာ၊ ၀မ်းဗိုက်၊ ခြေလက်အနှံ့ ဓားထိုးခံရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပြီး အသက် ၁၂ နှစ်ရွယ် ညီဖြစ်သူလည်း ဒဏ်ရာ ရခဲ့တယ်လို့ ရဲဝန်ထမ်းက ပြောပါတယ်။

တရားခံကို မဲဆောက်မြို့နယ်ရဲတပ်ဖွဲ့နဲ့ အမှတ် ၄ ဒေသ ထိုင်းစစ်တပ်အပါအ၀င် အမှတ် ၃၄၆ ထိုင်းနယ်ခြားစောင့်တပ်တွေ ပူးပေါင်းရှာဖွေနေတာမှာ သြဂုတ် ၂၂ ရက်နေ့မှာတော့ မဟာဝမ်းကျေးရွာအုပ်စုထဲက နောင်နမ့်ချို၊ ဟွေ့နမ့်ခွန်၊ ဟွေ့နမ့်နတ်နဲ့ ဟွေ့မိုက်ပိုက်စတဲ့ ရွာ ၄ ရွာကို ပိတ်ဆို့ ရှာဖွေနေတယ်လို့ ဆိုပါတယ်။

ဒေသခံတွေရဲ့ သတင်းပေးပို့ချက်အရ တရားခံဟာ သူ့ဇနီးနဲ့အတူ ပြောင်းဖူးခင်းတခုထဲမှာ ပုန်းအောင်းနေပြီး နေမကောင်းဖြစ်နေကာ အပြင်လည်း မထွက်ရဲတဲ့အတွက် အစားအစာနဲ့ ဆေးဝါးတွေ ပြတ်တောက်နေတယ်လို့ ရဲဝန်ထမ်းရဲ့ အပြောကို ကိုးကားပြီး ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013