DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် စက်သုံးဆီရောင်းဝယ်သူများထံက စစ်အုပ်စုက ငွေညှစ်နေ 
DVB
·
December 21, 2023
ဧရာဝတီတိုင်းတွင် စက်သုံးဆီရောင်းဝယ်သူများထံက စစ်အုပ်စုက ငွေညှစ်နေ 
Donate to DVB

ဧရာဝတီတိုင်းမှာ စက်သုံးဆီဝယ်ယူဖို့ ခက်ခဲနေပြီး အရောင်းအဝယ် ပြုလုပ်နေသူတွေကိုလည်း စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေက ဖမ်းဆီး ငွေတောင်းခံနေသလို ဆီရှားပါး ဝယ်မရလို့  ရေးလုပ်သားတွေ လုပ်ငန်းခွင်ဝင်ဖို့  အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧရာဝတီတိုင်းမှာ လယ်ယာလုပ်ငန်းနဲ့ ရေလုပ်ငန်း လုပ်ကိုင်ရာမှာ အသုံးပြုဖို့ စက်သုံးဆီ သယ်ယူပို့ဆောင် ရောင်းဝယ်တာတွေ တွေ့ရှိရင် စစ်ကောင်စီတပ်က ကန့်သတ် စစ်ဆေး  ဖမ်းဆီး ငွေတောင်းခံနေတာလို့ ဒေသခံတွေဆီက သိရပါတယ်။

ဘိုကလေးမြို့နယ်မှာ စက်သုံးဆီ ရောင်းချနေသူအမျိုးသားတစ်ဦးက “ရွာမှာက စက်သုံးဆီကို မြို့ပေါ်က လက်ကားယူပြီး ရောင်းနေရတာ။ ခုအချိန်ကလည်း လယ်ယာ လုပ်ငန်းခွင် ဝင်ကြရတာဆိုတော့ စက်သုံးဆီက လိုနေပြီ။ အဲဒီအတွက် မြို့ပေါ်ကနေ ပုံးဝါ (ဂါလန်ပုံး) နဲ့ ဝယ်ပြီးရောင်းဖို့ သင်္ဘောပေါ်တင်တာကို ရဲနဲ့ မီးသတ်က ဆင်းလာစစ်ဆေးပြီး ထောက်ခံစာမပါလို့ ဖမ်းမယ် ဆီးမယ်လုပ်လို့ ပိုက်ဆံပေးလိုက်ရတယ်” လို့ပြောပါတယ်။

ဘိုကလေးမြို့နယ်၊ ဖျာပုံမြို့နယ်၊ ကျောင်းကုန်းမြို့နယ်နဲ့ မြောင်းမြမြို့နယ်က လယ်ယာ လုပ်ငန်းခွင် လုပ်ကိုင်နေသူတွေနဲ့ ရေလုပ်ငန်း လုပ်ကိုင်နေသူတွေဟာ စက်သုံးဆီဝယ်မရလို့ လုပ်ငန်းခွင်ဝင်ဖို့  အခက်အခဲ ဖြစ်ပေါ်နေကြတာပါ။

ဖျာပုံမြို့က ရေလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက “စက်သုံးဆီကလည်း ဝယ်ရ အတော်ခက်တယ်။ လိုသလောက်လည်း ဝယ်မရဘူး။ ပင်လယ်ထဲ ထွက်ရင် ဆီက ဂါလံနဲ့ ချီပြီးသုံးရတာ။ ဆိုင်တွေကလည်း ဆိုင်ကယ်ကိုတောင် အကန့်အသတ်နဲ့ ထည့်ပေးနေတာဆိုတော့ လုပ်ငန်းခွင်သုံးဖို့ ဆီက လိုသလောက် ဘယ်လိုမှ ဝယ်မရနိုင်ဘူး။ အကန့်အသတ်နဲ့ရောင်းတဲ့ ဆိုင်တောင် အနည်းငယ်ပဲ ရှိတယ်။ တချို့ဆိုင်တွေက ပိတ်ထားတယ်” လို့  ပြောပါတယ်။

ဧရာဝတီတိုင်းမှာ  နေရာ ဒေသအပေါ် မူတည်ပြီး စက်သုံးဆီ ဓာတ်ဆီ 92 တစ်လီတာကို ကျပ် ၃၅၀၀ မှ ၆၀၀၀ အတွင်း ရောင်းချနေကြပြီး ဒီဇယ် တဂါလန်ကို ကျပ် ၁၃,၀၀၀ မှ ၁၇,၀၀၀ အထိ ရောင်းချနေတာ ဖြစ်ပါတယ်။

မြောင်းမြမြို့နယ် ဒေသခံတစ်ဦးက“မြို့ပေါ်က စက်သုံးဆီဆိုင်တွေမှာတော့ အကန့်အသတ်နဲ့ ရောင်းပေးတာရှိတယ်။ ဒါကလည်း ဆိုင်အနည်းငယ်ပါပဲ။ အချိန်ပိုင်းနဲ့ရောင်းပြီး ပြန်ပိတ်တာ။ အဲဒီဆိုင်တွေကတော့ ဂေါက်နဲ့ ရောင်းတဲ့ ဆိုင်ကြီးတွေ။ နယ်တွေက ဈေးဆိုင်လေးတွေကတော့ လက်ကားယူပြီး ပြန်ရောင်းတယ်။ ဈေးကတော့ မြို့ဈေးနဲ့ ကွာတာပေါ့” လို့  ပြောပါတယ်။

ဒီဇင်ဘာ ဒုတိယအပတ်က ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်မှာ လိုင်စင်မရှိဘဲ တရားမဝင် စက်သုံးဆီ ရောင်းချတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စက်သုံးဆီ ရောင်းချတဲ့ ဆိုင်သုံးဆိုင်ကို ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

ဒါ့အပြင် ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းကာ အမျိုးသားနှစ်ယောက်နဲ့ အမျိုးသမီးတယောက်တို့ကို ဖမ်းဆီးပြီး ကျောင်းကုန်းမြို့မ ရဲစခန်းက က(ပ)၁၇၄ ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013