DVB Logo
Home
နိုင်ငံတကာ
X လူမှုကွန်ရက်ကို ဘရာဇီးသမ္မတကတော် တရားစွဲမည်
DVB
·
December 20, 2023
X လူမှုကွန်ရက်ကို ဘရာဇီးသမ္မတကတော် တရားစွဲမည်
Donate to DVB

ဘရာဇီးသမ္မတကတော် ရိုဆန်ဂျလာ ဂျန်ဂျာ လူလာဒါဆေးလ်ဗားဟာ ပြီးခဲ့တဲ့ သီတင်းပတ်က သူ့ရဲ့ X လူမှုကွန်ရက်အကောင့် ဟက်ခ်ခံရပြီးနောက် အီလွန်မတ်စ်ခ် ပိုင်ဆိုင်တဲ့ လူမှုမီဒီယာ ပလက်ဖောင်း X ကို တရားစွဲမှာဖြစ်ကြောင်း ဒီဇင်ဘာ ၁၉ ရက်မှာ ပြောကြားခဲ့ပါတယ်။

စွပ်စွဲခံရတဲ့ ဟက်ကာဟာ ဒီဇင်ဘာ ၁၁ ရက်က သမ္မတကတော် ဂျန်ဂျာရဲ့ အကောင့်ကို ဝင်ရောက်ခဲ့ပြီး သမ္မတကတော်နဲ့ သမ္မတ လူလာဒါဆေးလ်ဗားတို့ကို စော်ကားထားမှုတွေနဲ့ မမှန်မကန် ပြောဆိုမှုတွေလည်း အပါအဝင် မက်ဆေ့ချ် အများအပြားကို တင်ခဲ့တာဖြစ်ပါတယ်။

သမ္မတကတော်ဟာ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေကို ထိန်းညှိပေးဖို့ ဘရာဇီးလ်အစိုးရကို တောင်းဆိုခဲ့ပြီး သုံးစွဲသူတွေရဲ့ လုပ်ရပ်အတွက် သူတို့ကို တာဝန်ခံခိုင်းရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

သမ္မတ လူလာက ဆိုရှယ်မီဒီယာစည်းမျဉ်းဟာ တကမ္ဘာလုံးမှာ လိုအပ်တယ်ဆိုတာကို သဘောတူခဲ့ပေမဲ့ ဒီပြဿနာရဲ့ ရှုပ်ထွေးမှုတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့စိုးရိမ်မှုတွေကို ထုတ်ပြောခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013