DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် စီမံချက်ဖြင့် မှတ်ပုံတင်လုပ်ပေးသော်လည်း လဝကဝန်ထမ်းများက ငွေတောင်းခံ
DVB
·
December 20, 2023
ရန်ကုန်တွင် စီမံချက်ဖြင့် မှတ်ပုံတင်လုပ်ပေးသော်လည်း လဝကဝန်ထမ်းများက ငွေတောင်းခံ
Donate to DVB

ရန်ကုန်တိုင်း၊ ရွှေပြည်သာ၊ လှိုင်သာယာနဲ့ တောင်ဒဂုံမြို့နယ်တွေမှာ ဒီဇင်ဘာ ၃ ရက်က ပန်းခင်းစီမံချက်နဲ့ မှတ်ပုံတင်တွေ ပြုလုပ်ပေးဖို့ မြို့နယ်လဝက ဝန်ထမ်းတွေက နေအိမ်တွေမှာ လိုက်လံစာရင်းကောက်ခဲ့တယ်လို့ မြို့ခံတွေဆီကနေ တဆင့် သိရပါတယ်။

အခုလို စာရင်းလာကောက်သွားပေမဲ့ ၂ ပတ်ကျော်ကြာတဲ့အထိ မှတ်ပုံတင်မရသေးဘဲ လဝကရုံးကို သွားရောက်မေးမြန်းတဲ့အခါ ဝန်ထမ်းတွေက ပိုက်ဆံပေးမှ မြန်မြန်ရမယ်လို့ ပြောတဲ့အကြောင်း တောင်ဒဂုံမြို့ခံတဦးက ပြောပါတယ်။

“သူတို့က စီမံချက်နဲ့လုပ်တာဆိုပြီး အကုန်စာရင်းကောက်သွားတာ။ တပတ်လောက်ပဲ ကြာမယ်ဆိုပြီး ပြောသွားတယ်။ အခုကျ ရမယ့်ရက်ကို အတိအကျ မပြောဘူး၊ အမြန်လိုချင်ရင် ၅ သောင်းပေးရမယ် ပြောတယ်။”

ဒါ့အပြင် မှတ်ပုံတင်အဟောင်းကနေ မှတ်ပုံတင်အသစ် ပြောင်းမယ့်သူတွေကိုလည်း လဝကဝန်ထမ်းတွေက ငွေညှစ်နေပြီး ငွေမပေးနိုင်တဲ့သူတွေကို အရင် မှတ်ပုံတင်အဟောင်း ပြန်မပေးဘူးလို့ ကိုယ်တိုင်ကြုံတွေ့ခဲ့သူ လှိုင်သာယာမြို့ခံတဦးက ပြောပါတယ်။

“သူတို့က အသစ်လုပ်ပေးရင် ၁ သိန်းပေးရမယ် ပြောတယ်။ မပေးနိုင်လို့ အရင် အဟောင်းကို ပြန်တောင်းတော့ ပျောက်နေတယ်ပြောပြီး အချိန်ဆွဲနေတာ ၆ လလောက်ရှိပြီ။”

မှတ်ပုံတင်အချိန်မီမရရင် အလုပ်လုပ်ဖို့နဲ့ ခရီးသွားဖို့ အခက်အခဲတွေ ရှိနိုင်တာကြောင့် လဝကဝန်ထမ်းတွေ တောင်းသလောက် ပေးပြီး မှတ်ပုံတင် လုပ်ခဲ့ရတယ်လို့ ရွှေပြည်သာမြို့နယ်မှာ နေထိုင်သူတဦးက ပြောပါတယ်။

“၁၈ နှစ်ပြည့် မှတ်ပုံတင်ပြောင်းတာ နှစ်သောင်း တောင်းတယ်။ ပိုက်ဆံမပေးမချင်း ရက်တွေချိန်းလို့ ပေးလိုက်ရတယ်။ ပိုက်ဆံမပေးလို့ မှတ်ပုံတင်မရတဲ့သူတွေလည်း အများကြီးပဲ။”

စစ်ကောင်စီကတော့ ပြည်သူတွေအနေနဲ့ သက်တမ်းကျော်လွန်တဲ့ မှတ်ပုံတင်တွေကို အသစ်လဲလှယ်ကြဖို့နဲ့ မှတ်ပုံတင်၊ အိမ်ထောင်စုဇယားတွေကို တခုထက်ပိုပြီး ကိုင်ဆောင်တာတွေ မပြုလုပ်ဖို့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက ထုတ်ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013