DVB Logo
Home
မြန်မာသတင်း
နမ့်ခမ်းမြို့သိမ်းတိုက်ပွဲ၌ အရပ်သား ၁၃ ဦးနှင့် TNLA တပ်ဖွဲ့ဝင် ၄၉ ဦး သေဆုံး 
DVB
·
December 20, 2023
နမ့်ခမ်းမြို့သိမ်းတိုက်ပွဲ၌ အရပ်သား ၁၃ ဦးနှင့် TNLA တပ်ဖွဲ့ဝင် ၄၉ ဦး သေဆုံး 
Donate to DVB

ရှမ်းပြည်မြောက်ပိုင်းက နမ့်ခမ်းမြို့မှာဖြစ်ပွားခဲ့တဲ့ ၁ လကျော်ကြာ တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၃ ယောက်အပါအဝင် အရပ်သား ၁၃ ယောက် သေဆုံးခဲ့ပြီး ၄၃ ယောက် ဒဏ်ရာရခဲ့တယ်လို့  တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) က ထုတ်ပြန်ပါတယ်။

နမ့်ခမ်းမြို့သိမ်းတိုက်ပွဲအတွင်းမှာဘဲ TNLA ဘက်က ၄၉ ယောက် ကျဆုံးခဲ့ပြီး ၁၄၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့ကာ စစ်ကောင်စီဘက်ကတော့  ဗိုလ်မှူးအဆင့် အပါအဝင် သုံးယောက်ကို အရှင် ဖမ်းဆီးရမိခဲ့တယ်လို့ TNLA ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

နိုဝင်ဘာ ၁၇ ရက်က စတင်တိုက်ခိုက်ခဲ့တဲ့ နမ့်ခမ်းမြို့တိုက်ပွဲဟာ  တစ်လကျော်အကြာ  ဒီဇင်ဘာ ၁၉ ရက်မှာတော့ TNLA က စစ်ကောင်စီရဲ့ စခန်းသစ်ကုန်းအပါအဝင် ရဲစခန်းနဲ့ စစ်ကောင်စီ ဌာနဆိုင်ရာရုံးတွေအားလုံးကို သိမ်းပိုက်ရရှိခဲ့ပြီး မြို့ကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း TNLA က ဆိုထားပါတယ်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီက အရပ်ဘက် ပစ်မှတ်တွေကို ဦးတည်တိုက်ခိုက်မှုကြောင့် နမ့်ခမ်းမြို့နယ်ရှိ ဘာသာရေးအဆောက်အဦ၊ ဘုရားကျောင်းကန်တွေ၊ ဆေးရုံနဲ့ လူနေအိမ် အလုံး ၇၀ လက်နက်ကြီးနဲ့ လေယာဥ်ဗုံးစ ထိမှန်ပျက်စီးခဲ့တဲ့အပြင် လူနေအိမ် ၂၄ လုံး မီးလောင် ပျက်စီးခဲ့ကြောင်း ဆိုပါတယ်။

နမ့်ခမ်းမြို့တိုက်ပွဲကာလမှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ အကြိမ် ၄၀၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး  ပေါင် ၅၀၀ ဗုံးနဲ့ ၁၂ ကြိမ်၊  အဆိပ်ငွေ့ဗုံး ၆ လုံး အသုံးပြုခဲ့တယ်လို့လည်း ဆိုပါတယ်။ 

နမ့်ခမ်းမြို့ တိုက်ပွဲအခြေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရတဲ့ အခြေအနေနဲ့ ပတ်သက်လို့  စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013