DVB Logo
Home
နိုင်ငံတကာ
အမ်မာစတုန်း ခေါင်းဆောင်ပါဝင်သည့် Poor Things ရုပ်ရှင် မိတ်ဆက်ပြသ
DVB
·
December 19, 2023
အမ်မာစတုန်း ခေါင်းဆောင်ပါဝင်သည့် Poor Things ရုပ်ရှင် မိတ်ဆက်ပြသ
1 / 2
Donate to DVB

ဟောလိဝုဒ် နာမည်ကြီး သရုပ်ဆောင်မင်းသမီး အမ်မာစတုန်း ခေါင်းဆောင်ပါဝင်ထားတဲ့ စိတ်ကူးယဉ် သိပ္ပံဆန်းကြယ်ရုပ်ရှင် Poor Things ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက်က လန်ဒန်မြို့မှာ အထူးပွဲ ပြသခဲ့ပါတယ်။

ဒီပွဲကိုတော့ Poor Things ရုပ်ရှင်ကားရဲ့ အဓိက အမျိုးသမီးဇာတ်ကောင် ဘယ်လာ ဗက်စ်တာ/ဗစ်တိုးရီးယား နေရာမှာ ပါဝင် သရုပ်ဆောင်ထားတဲ့အပြင် ဒီကားကို ထုတ်လုပ်သူတယောက်လည်း ဖြစ်တဲ့ ဟောလိဝုဒ်သရုပ်ဆောင်မင်းသမီး အမ်မာစတုန်းနဲ့အတူ ဒါရိုက်တာ၊ သရုပ်ဆောင်တွေ စုံစုံညီညီ တက်ရောက်ခဲ့ကြတာပါ။

ဒီကားကတော့ Poor Things နာမည်နဲ့ပဲ ၁၉၉၂ ခုနှစ်က ရေးသားထုတ်ဝေခဲ့တဲ့ စကော့ စာရေးဆရာ အလက်စ်ဒဲရ် ဂရေးရဲ့ ဝတ္ထုကို စိတ္တဇလျှို့ဝှက်သည်းဖို ရုပ်ရှင်ကားတွေ ရိုက်ကူးရာမှာ နာမည်ကြီးတဲ့ ဂရိရုပ်ရှင်ဒါရိုက်တာ ရောဂို့စ် လန်သီမို့စ်က ရိုက်ကူးပုံဖော် ပေးထားပါတယ်။

American Film Institute က ရွေးချယ်တဲ့ ထိပ်တန်းရုပ်ရှင်ကား ၁၀ ကားစာရင်းဝင် Poor Things ရုပ်ရှင်ကားထဲမှာတော့ အမ်မာစတုန်းနဲ့အတူ ဟောလိဝုဒ်နာမည်ကျော် သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ မာ့ခ် ရပ်ဖလို၊ ဝီလမ်ဒါဖိုး၊ ရမ်မီယူဆက်ဖ်စတဲ့ သရုပ်ဆောင် ပေါင်းများစွာ ပါဝင်ထားကြတာပါ။

နာမည်ကြီး ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ကနဦးပြသချိန်ကတည်းက ချီးကျူးမှုတွေ ရရှိထားတဲ့ ဒီကားရဲ့ အဓိက ဇာတ်ဆောင်မင်းသမီး အမ်မာ စတုန်းဟာ ၈၁ ကြိမ် မြောက် ရွှေကမ္ဘာလုံးဆု ဆန်ခါတင်စာရင်းမှာ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုစာရင်းထဲ ပါဝင်နေသလို ဒါရိုက်တာ၊ ဇာတ်ကား၊ ဇာတ်ပို့၊ ဇာတ်ညွှန်းဆုတွေအပါအဝင် ဆု ၇ ဆုထိ ပါဝင်နေတာ ဖြစ်ပါတယ်။

ဘတ်ဂျက်အမေရိကန်ဒေါ်လာ ၃၅ သန်း အကုန်အကျခံ ရိုက်ကူးထားတဲ့ ဒီကားဟာ IMDb မှာလည်း Rating 8.5 အထိ ရရှိထားပြီး လတ်တလောမှာတော့ Box Office မှာ ရုံတင်ဝင်ငွေ ၂ ဒသမ ၂ သန်းထိ ရရှိထားပါတယ်။

Source/Photo- Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013