DVB Logo
Home
Lead Story
မူဆယ်မြို့တွင် ဆန်အရောင်းအ၀ယ် ပုံမှန်ပြန်ဖြစ်
DVB
·
August 22, 2014
မူဆယ်မြို့တွင် ဆန်အရောင်းအ၀ယ် ပုံမှန်ပြန်ဖြစ်
Donate to DVB

တရုတ်မြန်မာနယ်စပ် မူဆယ်မြို့မှာ ဆန်အရောင်းအ၀ယ် ပုံမှန် ပြန်ဖြစ်လာပြီလို့ သိရပါတယ်။

RICEဒီလို ပုံမှန်ပြန်ဖြစ်လာတာဟာ တရုတ်နိုင်ငံက ဖမ်းဆီးမှုတွေကြောင့် သြဂုတ်ဒုတိယအ ပတ် က စပြီး ဆန်အရောင်းအ၀ယ် ရပ်တန့်လုနီးပါး ဖြစ်ခဲ့ပြီး မူဆယ်မှာ ဆန်တန်ချိန် ၅ သောင်းခန့် စုပုံနေခဲ့ရပြီးတဲ့နောက်ပိုင်း ပထမဆုံးအကြိမ်အနေနဲ့ ပုံမှန် အခြေအနေကို ပြန်ရောက်လာခဲ့တာပါ။

ပြီးခဲ့တဲ့ သြဂုတ် ၁၂ ရက်နေ့က ရန်ကုန်မှာ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ တရုတ်စီးပွားရေးသံမှူးတို့ တွေ့ဆုံပြီးတဲ့နောက်မှာ အရောင်းအ၀ယ် တဖြည်းဖြည်း ပြန်ဖြစ်လာပြီး ပုံမှန် အခြေအနေကို ပြန်ပြီးရောက်လာတယ်လို့ မူဆယ်က ကုန်သည်တွေက ပြောပါတယ်။

အခုလို ဆန်အရောင်းအဝယ် ပုံမှန်ပြန်ဖြစ်လာလို့ ကားခတွေလည်း ၁ ပိသာကို ကျပ် ၁၀ ကျော်လောက်ဈေးတက်သွားပါတယ်။

မန္တလေး - မူဆယ် ကားခဟာ ၁ တန်ကို ကျပ် ၄၀၀၀၀ ကနေ ၄၆၀၀၀ လောက်အထိ ဖြစ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013