DVB Logo
Home
မြန်မာသတင်း
အီဘိုလာရောဂါကို ZMapp ဆေးနှင့် စမ်းသပ်ကုသမှု ရောဂါသက်သာ၍ ဆေးရုံဆင်းခွင့်ပြု
DVB
·
August 22, 2014
အီဘိုလာရောဂါကို ZMapp ဆေးနှင့် စမ်းသပ်ကုသမှု ရောဂါသက်သာ၍ ဆေးရုံဆင်းခွင့်ပြု
Donate to DVB

သြဂုတ် လဆန်းပိုင်းက အီဘိုလာရောဂါကူးစက်ခံရပြီး ZMapp စမ်းသပ်ဆေးနဲ့ ပထမဆုံးစမ်းသပ်ကုသမှု ခံယူခဲ့တဲ့ အမေရိကန် ၂ ဦးလုံးကို ရောဂါသက်သာလာလို့ သြဂုတ်လ ၂၁ ရက်နေ့က ဆေးရုံက ပြန်ဆင်းခွင့်ပေးလိုက်ပါတယ်။

Ebolaဒေါက်တာ ခန်ဘရန်လီ နဲ့ ခရစ်ယာန်သာသနာပြုဆရာမ နန်စီရိုက်ဘိုး တို့ဟာ လိုင်ဘေးရီးယားနိုင်ငံမှာ အီဘိုလာရောဂါသည်တွေကို ဆေးကုသပေး သူတို့ကိုပါ ရောဂါကူးစက်ခဲ့ပါတယ်။ ဒါကြောင့် လိုင်ဘေးရီးယားနိုင်ငံမှာ အီဘိုလာစမ်းသပ်ဆေး ZMapp ကို အရေးပေါ်ထိုးသွင်းပေးခဲ့ပြီး ရောဂါကုသမှုခံယူဖို့ အမေရိကန်နိုင်ငံကို ပြန်ခေါ်ဆောင်လာ ခဲ့ပါတယ်။

သူတို့နှစ်ယောက်လုံးကို အက်တလန်တာမြို့ အီမိုရီဆေးရုံမှာ ကူးစက်ရောဂါ အထူးကု ဆရာဝန်တွေနဲ့ ကုသခဲ့ပါတယ်။ အခုနှစ်အတွင်း အီဘိုလာရောဂါနဲ့ သေဆုံးသူ ၁၃၅၀ ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူဦးရေလည်း ဆက်လက်တိုးတက်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) သြဂုတ်လ ၂၀ ရက်နေ့က ပြောဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013