DVB Logo
Home
အားကစား
ချန်ပီယံလိဂ်ရှုံးထွက်အဆင့်၌ မန်စီးတီးနှင့် ကိုပေဟေဂင်၊ အာဆင်နယ်နှင့် ပေါ်တို တို့တွေ့ဆုံ
DVB
·
December 19, 2023
ချန်ပီယံလိဂ်ရှုံးထွက်အဆင့်၌ မန်စီးတီးနှင့် ကိုပေဟေဂင်၊ အာဆင်နယ်နှင့် ပေါ်တို တို့တွေ့ဆုံ
Donate to DVB

ဥရောပချန်ပီယံလိဂ်ရှုံးထွက်အဆင့် မဲခွဲပွဲကို မနေ့ညက ကျင်းပခဲ့ရာမှာ လက်ရှိချန်ပီယံ မန်စီးတီးက ကိုပေဟေဂင်၊  အာဆင်နယ်က ပေါ်တိုအသင်းတို့နဲ့ တွေ့ဆုံပါတယ်။

အင်္ဂလန်ကလပ် နှစ်သင်းဟာ အုပ်စုပထမနေရာရခဲ့တာကြောင့် ဦးစားပေးအသင်း ၈ သင်းထဲ ပါဝင်ခဲ့ပြီး အုပ်စုဒုတိယရခဲ့တဲ့ အသင်းကြီးတွေကို ရှောင်လွဲနိုင်ခဲ့တာပါ။

မန်စီးတီးအသင်းဟာ ဒိန်းမတ်ကလပ် ကိုပေဟေဂင်နဲ့ ဖေဖော်ဝါရီ ၁၄ ရက်မှာ အဝေးကွင်းပွဲ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒုတိယအကျော့ကို မတ်လ ၆ ရက်မှာ ယှဉ်ပြိုင်သွားရမှာပါ။

အာဆင်နယ်ကလည်း ပေါ်တူဂီကလပ် ပေါ်တိုအသင်းနဲ့ ဖေဖော်ဝါရီ ၁၄ ရက်မှာ အဝေးကွင်း ပွဲစတင်ယှဉ်ပြိုင်ရမှာဖြစ်ပြီး မတ်လ ၆ ရက်မှာ အိမ်ကွင်းပွဲ ယှဉ်ပြိုင်သွားရမှာပါ။

တခြား အသင်းတွေထဲမှာ ရီးရဲလ်မက်ဒရစ်နဲ့ လိုက်ပ်ဇစ်၊ ဘိုင်ယန်မြူးနစ်နဲ့ လာဇီယို၊ ပီအက်စ်ဂျီနဲ့ ဆိုစီဒက်တို့ တွေ့ဆုံပါတယ်။

အက်သလက်တီကိုက အင်တာမီလန်၊ ဒေါ့မွန်က ပီအက်စ်ဗွီ၊  ဘာစီလိုနာက နာပိုလီအသင်းတွေနဲ့ အသီးသီးတွေ့ဆုံ ခဲ့ပါတယ်။ 

Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013