DVB Logo
Home
အားကစား
၂၀၂၅ ကမ္ဘာ့ကလပ်အသင်းများ ဖလားပြိုင်ပွဲကို လာမည့် ဇွန် ၁၅ ရက်စတင်ကျင်းပမည်
DVB
·
December 19, 2023
၂၀၂၅ ကမ္ဘာ့ကလပ်အသင်းများ ဖလားပြိုင်ပွဲကို လာမည့် ဇွန် ၁၅ ရက်စတင်ကျင်းပမည်
Donate to DVB

ဖီဖာက ၂၀၂၅ ခုနှစ်အတွက် ပြင်ဆင်မွမ်းမံထားတဲ့ ၃၂ သင်းပါဝင်ကစားသွားမယ့် ကမ္ဘာ့ကလပ်အသင်းများ ဖလားပြိုင်ပွဲကို ဇွန် ၁၅ ရက်ကနေ ဇူလိုင် ၁၃ ရက်အထိ ကျင်းပသွားမယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဂျီယန်နီ အင်ဖာတီနိုက ပြောပါတယ်။

ဒါ့အပြင် Intercontinental Cup (ကမ္ဘာ့တိုက်ကြီးများဖလား)လို့ ခေါ်တဲ့ အရင်က ဥရောပချန်ပီယံနဲ့ တောင်အမေရိက ချန်ပီယံနှစ်သင်းပဲ ဖလားလုရတဲ့ ပွဲစဉ်ကိုလည်း လာမယ့်နှစ်ကစပြီး နှစ်စဉ် ကျင်းပသွားမယ်လို့ ပြောပါတယ်။

ဖီဖာဟာ ဒီနှစ် အစောပိုင်းမှာ ကမ္ဘာ့ကလပ်အသင်းများဖလားပြိုင်ပွဲကို ၃၂ သင်း တိုးချဲ့ကျင်းပဖို့ ကြေညာခဲ့ပြီး ပထမဦးဆုံး အကြိမ်ကျင်းပမယ့်​ ပြိုင်ပွဲအတွက် အမေရိကန်ပြည်ထောင်စုကို အိမ်ရှင်အဖြစ် တညီတညွတ်တည်း မဲခွဲ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက “ဒီပြိုင်ပွဲမှာ လက်ရှိကျင်းပနေတဲ့ ကလပ်အသင်း ပြိုင်ပွဲတွေက ချန်ပီယံတွေ အားလုံးကို ပါဝင်စေမှာဖြစ်ပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။

၂၀၂၅ ခုနှစ် ယူ- ၂၀ ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် ချီလီက လက်ခံကျင်းပမှာ ဖြစ်ပြီး ၂၀၂၆ ခုနှစ် ယူ-၂၀ အမျိုးသမီး ကမ္ဘာ့ဖလားကို ပိုလန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားဖို့ ရှိနေပါတယ်။ 

Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013