DVB Logo
Home
နိုင်ငံတကာ
ဂါဇာတိုက်ပွဲတွင် သေဆုံးသူ   ၂၀၀၀၀ ကျော်ရှိလာ 
DVB
·
December 18, 2023
ဂါဇာတိုက်ပွဲတွင် သေဆုံးသူ   ၂၀၀၀၀ ကျော်ရှိလာ 
Donate to DVB

လက်ရှိ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခကြောင့် အောက်တိုဘာ ၇ ရက်ကတည်းကနေ အခု ဒီဇင်ဘာလလယ်ပိုင်းအထိ   နှစ်ဖက်စလုံးမှာ အနည်းဆုံး  လူပေါင်း ၂၀၂၈၈ ဦး သေဆုံးခဲ့ပါတယ်။ 

စနေနေ့က ပါလက်စတိုင်း ကျန်းမာရေးဌာနတွေဟာ အနောက်ဘက်ကမ်းမှာ သေဆုံးသူ ၂၀၀ ကျော် အပါအဝင် ပါလက်စတိုင်း ၁၉,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

အစ္စရေးဘက်ကလည်း  သေဆုံးသူဦးရေ ၁၂၀၀ ရှိထားကြောင်း သူ့ရဲ့အချက်အလက်တွေအရ သိရပါတယ်။ ဒါ့အပြင် နှစ်ဖက်တပ်တွေကလည်း သူတို့ရဲ့စစ်ရေး စစ်ဆင်ရေးတွေကို ဆက်လုပ်ဆောင် နေကြပါတယ်။ 

စနေနေ့မှာ အစ္စရေးစစ်တပ်ဟာ သူ့ရဲ့လေကြောင်း တိုက်ခိုက်မှုတွေကို ဆက်လုပ်ဆောင်ခဲ့ပြီး အထူးသဖြင့် တောင်ပိုင်းမြို့တွေ ဖြစ်တဲ့ ရာဖှာနဲ့ခန်းယိုနစ်စ်တို့မှာ မြေပြင်စစ်ဆင်ရေးတွေကို အရှိန်မြှင့်ခဲ့ပါတယ်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က စနေနေ့မှာ သူ့ရဲ့ တပ်ဖွဲ့ဝင်တွေဟာ ဂါဇာမြောက်ပိုင်းရှိ စစ်သွေးကြွတွေ ပုန်းအောင်းနေတဲ့ စာသင်ကျောင်း ၂ ကျောင်းကို တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ 

ဟားမတ်စ်အဖွဲ့ရဲ့ အယ်လ်ကဆမ် တပ်မဟာကလည်း ဂါဇာကမ်းမြောင်ဒေသမှာ တပ်စွဲထားတဲ့ အစ္စရေးစစ်သားတွေကို အဲဒီနေ့မှာပဲ တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။ 

ယီမင်ရှိ ဟူသီသူပုန်တွေကလည်း နယ်စပ်ဖြတ်ကျော် ဒရုန်းတွေနဲ့ အစ္စရေးနိုင်ငံတောင်ပိုင်း အေးလာ့ထ်မြို့ရှိ ပစ်မှတ်အများအပြားကို တိုက်ခိုက်ခဲ့ကြောင်း စနေနေ့က ပြောကြားခဲ့ပါတယ်။

ဟူသီစစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ယယ်ဟျာ ဆာရီးက ဂါဇာကမ်းမြောင်ဒေသကို ရန်လိုတကြီး တိုက်ခိုက်မှု ရပ်တန့်သွားတဲ့အထိ အစ္စရေးကို ဆက်လက်တိုက်ခိုက်သွားမှာဖြစ်ကြောင်း ပြောပါတယ်။ ဟူသီတွေရဲ့ တိုက်ခိုက်မှုကို အစ္စရေးက တုံ့ပြန်ခြင်း မရှိသေးပါဘူး။ 

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013