DVB Logo
Home
မြန်မာသတင်း
အီဘိုလာရောဂါ ဟုတ်မဟုတ် ဓာတ်ခွဲစစ်ဆေးရန် ခွင့်ပြုချက်စောင့်ဆိုင်းနေ
DVB
·
August 21, 2014
အီဘိုလာရောဂါ ဟုတ်မဟုတ် ဓာတ်ခွဲစစ်ဆေးရန် ခွင့်ပြုချက်စောင့်ဆိုင်းနေ
Donate to DVB

ရန်ကုန်လေဆိပ်မှာတွေ့တဲ့ အီဘိုလာရောဂါ သံသယလူနာမှာ ငှက်ဖျားရောဂါတွေ့ထားပြီး အီဘိုလာဟုတ်၊ မဟုတ် ဓာတ်ခွဲနိုင်ဖို့ အပြည်ပြည်ဆိုင်ရာ လေကြောင်း သယ်ယူပို့ဆောင်ရေးအဖွဲ့ (IATA) ရဲ့ ခွင့်ပြုချက်စောင့်ဆိုင်းနေတယ်လို့  ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

Myanmar CDC Ebolaဝေဘာဂီ အထူးကုဆေးရုံ မှာ စောင့်ကြပ်ကြည့်ရှုနေ တဲ့ အီဘိုလာရောဂါ သံသယ လူနာမှာ ငှက်ဖျားပိုး ၂ မျိုး တွေ့ထားပြီး  သူ့ကို ကူညီလိုက်ပါလာတဲ့ မိတ်ဆွေ ၄ ဦးမှာတော့ ဘာရောဂါမှ မတွေ့ဘူးလို့ ကျန်းမာရေးဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး ဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ တိုးသိရီအောင်က ပြောပါတယ်။

“ဒါက အီဘိုလာရောဂါ မဟုတ်ဘူးလို့လည်း ပြောလို့ မရသေးပါဘူး။ ငှက်ဖျားပိုး နှစ်မျိုးတွေ့တယ်။ ငှက်ဖျားနဲ့ပတ်သက်တာလည်း ကုသပေးနေပါတယ်။ အီဘိုလာနဲ့ပတ်သက်ပြီးတော့ သံသယလို့ သတ်မှတ်ထားပြီး အဓိကစောင့်ကြပ်ကြည့်ရှုပြီး ကုသမှုတွေ ပေးနေပါတယ်။ လူနာရဲ့သွေး အိုဘိုလာပိုး စစ်ဆေးဖို့ကတော့ အိန္ဒိယနိုင်ငံမှာရှိတဲ့ ဓာတ်ခွဲခန်းကို ပို့ပါမယ်။ ပို့ဖို့က အပြည်ပြည်ဆိုင်ရာ လေကြောင်း သယ်ယူပို့ဆောင်ရေးအဖွဲ့ (IATA) ရဲ့ ခွင့်ပြုချက်လိုပါတယ်။ အဲဒီခွင့်ပြုမိန့်က မကြာခင်ရပါမယ်။ နိုင်ငံတွေက အချိန်တွေမတူတော့ အဲဒီဟာရသွားရင်တော့ လေကြောင်းလိုင်းတခုနဲ့ ကျမတို့ပို့ပြီး စစ်ဆေးမှာပါ။ ဟိုဘက်နိုင်ငံက သဘောတူညီချက်တွေ၊ ဒီဘက်က သဘောတူညီချက်တွေလည်း ကျမတို့ ရပြီးပါပြီ။”

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ချက်အရ အီဘိုလာရောဂါနဲ့ ပတ်သက်တဲ့ ဓာတ်ခွဲစစ်ဆေးတာကို အိန္ဒိယနိုင်ငံ ပူနေးမြို့က ဗိုင်းရပ်စ်ဗေဒ ဓာတ်ခွဲခန်းကို ပေးပို့ စစ်ဆေးရမှာ ဖြစ်ပါတယ်။

သြဂုတ်လ ၁၉ ရက်နေ့က ဖျားနာ အင်အားချည့်နဲ့နေတဲ့ မြန်မာအမျိုးသားတဦးကို ရန်ကုန်လေဆိပ်မှာ သက်ဆိုင်ရာက တွေ့ရှိစစ်ဆေးရာမှာ အာဖရိက နိုင်ငံတွေမှာ တနှစ်ကျော် အလုပ်လုပ်ကိုင်ခဲ့သူဖြစ်ပြီး အီဘိုလာ ရောဂါသံသယနဲ့ ဝေဘာဂီရုံကြီးမှာ  သီးသန့်ထားရှိပြီး အထူးကုဆရာဝန်ကြီးတွေက စစ်ဆေးကုသပေးမှုတွေ ဆောင်ရွက်ပေးနေခဲ့တာ ဖြစ်ပါတယ်။

လတ်တလော လူနာရဲ့ ကျန်းမာရေးခြေအနေ တိုးတက်ကောင်းမွန်လာနေတယ်လို့ လည်း  မြန်မာအစိုးရ ပြန်ကြားရေးက တရားဝင်သတင်းထုတ်ပြန်ထားပါတယ်။

သံသယရှိသူ စီးလာတဲ့ လေယာဉ်ပေါ်မှာ ပါလာသူ အားလုံးကို အိမ်နဲ့ တည်းခိုရာတွေမှာ စောင့်ကြပ်ကြည့်ရှုဖို့ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေကတဆင့် လုပ်ဆောင်ထားတယ် လို့လည်း  ကျန်းမာရေးဌာနတာဝန်ရှိသူက  ပြောပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013