DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ်၌ ကမ္ဘောဇဘဏ်မှထုတ်လာသည့် ငွေကျပ် သိန်း ၆၀၀၀ ဓားပြတိုက်ခံရ
DVB
·
December 17, 2023
ရေးမြို့နယ်၌ ကမ္ဘောဇဘဏ်မှထုတ်လာသည့် ငွေကျပ် သိန်း ၆၀၀၀ ဓားပြတိုက်ခံရ
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကနင်ကမော့ကျေးရွာအနီး၊ သံဖြူဇရပ်-ရေးကားလမ်းမကြီးမှာ ရေးကမ္ဘောဇဘဏ်ခွဲကနေထုတ်ယူလာတဲ့ ငွေကျပ် သိန်း ၆၀၀၀ ကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဓားပြတိုက်ခဲ့တယ်လို့  ကမ္ဘောဇဘဏ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ဒီဇင်ဘာ ၁၄ ရက် နေ့လယ် ၁ နာရီခွဲက ရေးကမ္ဘောဇဘဏ်ခွဲ ငွေကြေးတာဝန်ခံနဲ့ ဝန်ထမ်းတွေဟာ  သံဖြူဇရပ် ကမ္ဘောဇဘဏ်ခွဲကနေ  ငွေကျပ် သိန်း ၆၀၀၀ ကို ထုတ်ယူပြီး ရေးသို့ ပြန်လာခဲ့တဲ့အချိန်မှာ  ဓားပြတိုက်ခံခဲ့ရဖြစ်ပါတယ်။

ရေး KBZ ဘဏ်ခွဲမှာ ငွေလက်ကျန်နည်းနေလို့  သံဖြူဇရပ် KBZ ဘဏ်ခွဲကနေ  ငွေကျပ်သိန်း ၆၀၀၀ ကျပ်ကို ဘဏ်ပိုင်ယာဉ်နဲ့ လာရောက်ထုတ်ယူခဲ့ပြီး နေ့လယ်ပိုင်း ရေးမြို့သို့ ပြန်လည်ထွက်ခွာစဉ် ရေးမြို့နယ် စံပြရွာနဲ့ နှင်းစုံရွာအကြားမှ ကားကိုတားပြီး တောတွင်း ခေါ်ဆောင်ကာ ငွေကျပ်သိန်း ၆၀၀၀ လုံး ယူဆောင်သွားခဲံကာ  လူနဲ့ကားကို ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့  ဘဏ်နဲ့နီးစပ်တဲ့သူက ပြောပါတယ်။

အခုလို KBZ ဘဏ်ကနေ ငွေလာထုတ်တဲ့ကိစ္စကို ဘဏ်ဝန်ထမ်းတွေသာ သိရှိတာကြောင့်‌ ဘဏ်ရှိ ဝန်ထမ်းတချို့ကို စုံစမ်းစစ်ဆေးနေတယ်လို့ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်တဲ့သူတွေက ဆိုပါတယ်။

ပြောက်ကျားယူနီဖောင်းဝတ်ဆင်ပြီး လက်နက်တွေကိုင်ဆောင်သူ  ၁၅ ယောက်လောက်က သံဖြူဇရပ်-ရေးကားလမ်းမကြီး၊ ကနင်ကမော့ကျေးရွာအနီးမှာ KBZ  မော်တော်ယာဥ်ကို ရပ်တန့် စစ်ဆေး ဓားပြတိုက်သွားခဲ့တာပါ။

သံဖြူဇရပ်-ရေးကားလမ်းမကြီးမှာ  PDF အဖွဲ့တွေလည်း မကြာခဏဆိုသလို ဖြတ်သန်းသွားလာတဲ့  ယာဥ်တွေကို စစ်ဆေးနေပြီး  ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ရေးမြောက်ပိုင်း PDF တွေထံ ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013